အာရှတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ တူးဖော်မှု အဓိကနိုင်ငံ တစ်နိုင်ငံ မြန်မာ ဖြစ်လာနိုင်

အာရှတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ တူးဖော်မှု အဓိကနိုင်ငံ တစ်နိုင်ငံ မြန်မာ ဖြစ်လာနိုင်
မြန်မာနိုင်ငံ၏ ကမ်းလွန်ရေနံ လုပ်ကွက်များ ပြမြေပုံ

ရန်ကုန်၊ စက်တင်ဘာ ၁၅ ရက်။ ။ လောင်စာ စွမ်းအင်ဈေးနှုန်းများ ကျဆင်း နေသော်လည်း မြန်မာနိုင်ငံရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့ တူးဖော်ရေး လုပ်ကွက် များတွင် နိုင်ငံခြားနှင့် ဒေသတွင်း ရင်းနှီးမြှုပ်နှံသူများက တူးဖော်ရှာဖွေရေးများ စတင် ဝင်ရောက်လျက်ရှိသဖြင့် အာရှတွင် မြန်မာနိုင်ငံသည် ရေနံ သဘာဝဓာတ်ငွေ့ တူးဖော်မှု အဓိကနိုင်ငံဖြစ်လာဖွယ်ရှိသည်ဟု မကြာသေးမီက ကျင်းပသည့် ဆွေးနွေးပွဲတစ်ရပ်တွင် ပြောသည်။

PTT တူးဖော်ရေးနှင့် ထုတ်လုပ်ရေးမှ အကြီးတန်း လက်ထောက် ဥက္ကဌဖြစ်သူ ဝါရန်နွန်လာ ပရာဘန်းက ရေနံဈေးများက ကျဆင်းသည်ထက် ကျဆင်းလာသည်ဟု ပြောလိုက်ပြီး "အခုဆိုရင် ဒီလုပ်ငန်း လုပ်ကိုင်သူတွေ အနေနဲ့ ရရှိခဲ့တဲ့ အောင်မြင်မှုတွေကို ဘယ်လို ခိုင်မာအောင် အတူထိန်းသိမ်းဖို့ အမြန်လိုအပ်ပါတယ်။" ဟု အရှေ့တောင်အာရှ ကမ်းလွန် ထိပ်သီး အစည်း အဝေး ၂၀၁၅ ၌ ပြောဆိုသည်။

လောင်စာစွမ်းအင် ဈေးနှုန်းများ နိမ့်ကျခြင်းက တူးဖော်ရေး ကုန်ကျစရိတ်များလည်း လျော့ကျစေသဖြင့် မြန်မာနိုင်ငံအတွက် အခွင့်အလမ်းများ ဖြစ်လာသည်ဟု သြစတြေးလျ Woodside ရုံးခွဲ Woodside Energy (Myanmar) ၏ ပြည်တွင်း မန်နေဂျာ ဒန်နီယယ်ကလာရီက ပြောသည်။ မြန်မာနိုင်ငံ၌ လောင်စာ စွမ်းအင်တူးဖော်ရေးအတွက် အလွန်ကောင်းမွန်သည့် အချိန်အခါ ဖြစ်သည်ဟုလည်းဆိုသည်။

မြန်မာရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်း ကမ်းလွန်ညွှန်ကြားရေးမှူး ဦးသန်းထွန်းကလည်း လာမည့်သုံးနှစ်အတွင်း မြန်မာနိုင်ငံမှ တူးဖော်ရေးလုပ်ငန်းများက အပြည့်အဝ အရှိန်ရလာမည်ဖြစ်ကြောင်း ပြောသည်။

"ကျွန်တော်တို့ မကြာမီမှာဘဲ ကုန်းတွင်းထူးဖော်ရေး၊ ပိုက်လိုင်း တည်ဆောက်တာတွေ စလုပ်မှာပါ။ ကမ်းလွန်လုပ်ငန်း တချို့လည်း ပါ ပါမယ်။ ရှိနှင့်ပြီးသား ကမ်းလွန် လုပ်ကွက်တွေကိုလည်း တိုးပွားအောင် ကြိုးစားနေသလို ပြီးခဲ့တဲ့နှစ်က ကမ်းလွန်လုပ်ကွက် အခု ၂၀ ကိုလည်း သတ်မှတ်ပြီးပါပြီ" ဟု ဦးသန်းထွန်းကပြောသည်။

မြန်မာနိုင်ငံတွင် ကမ်းလွန်လုပ်ကွက် ဧရိယာကို ၅၁ ကွက်အဖြစ် ပိုင်းခြား သတ်မှတ်ထားသည်။ ၁၈ ကွက်မှာ လုပ်ငန်း ဆောင်ရွက်ဆဲဖြစ်သည်။ လုပ်ကွက်သစ် ၂၀ ကို ပြီးခဲ့သည့်နှစ်က စတင်ဖော်ထားခဲ့ကာ ၁၃ ကွက်မှာ အစိုးရပိုင်ဖြစ်သည်။ လုပ်ကွက်သစ်များတွင် မြေကြော တိုင်းတာခြင်းနှင့် တူးဖော်ရေးလုပ်ငန်းများကို ၂၀၁၅-၂၀၁၆ တွင် စတင်ဆောင်ရွက် မည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် ၁၉၉၂ ခုကတည်းက လုပ်ငန်းများ ဆောင်ရွက်နေသည့် Total E&P Myanmar မှ အထွေထွေမန်နေဂျာ Xavier Preel က "မြန်မာနိုင်ငံက ရေအောက်တူးဖော်ရေး ခေတ်သစ်တစ်ရပ်ကို ကျွန်တော်တို့တွေ စတင်နေပါပြီ" ဟု ပြောခဲ့သည်။

Ref; The Statesman

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly