Mizzima Dialogue တောင်ကြီးတွင် ကျင်းပ

တောင်ကြီး၊ စက်တင်ဘာ ၁၅ ။ ။ မဇ္ဈိမ မီဒီယာက ဦးစီးပြုလုပ်သော ၂၀၁၅ ရွေးကောက်ပွဲအတွက် ရှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသားပါတီများ၏ မူဝါဒအကြောင်း ဆွေးနွေးသည့် Mizzima’s Dialogue အစီအစဉ်ကို ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ရှိ ချယ်ရီကွင်းဟိုတယ်တွင် ယနေ့ စက်တင်ဘာ ၁၅ရက် နေ့လည် တစ်နာရီအချိန်မှ သုံးနာရီအချိန်ထိ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲတွင် ရှမ်းအမျိုးသားများ ဒီမိုကရေစီပါတီ အဖွဲ့ချုပ်မှ ဒေါ်နန်းမြဦး၊ ဓနုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီ ပါတီမှ ဒေါက်တာကျော်လွင်ထူး၊ ပြည်ထောင်စု ပအိုဝ်းအမျိုးသား အသင်းချုပ်ပါတီမှ ဒေါ်နန်မေပန်းဝါနှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ ဒေါ်နန်းသန်းသန်းရွှေ တို့ပါဝင် ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲသို့ တိုင်းရင်းသားပါတီမှ ကိုယ်စားလှယ်များ၊ အရပ်ဘက်လူ့အဖွဲ့အစည်းမှ တာဝန်ရှိသူများ၊ မီဒီယာများ၊ ပြည်သူများ စုစုပေါင်း ၈၀ ကျော် တက်ရောက်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly