တပ်မှ အငြိမ်းစားများ တရားရေးဌာနများတွင် ဝင်ရောက်အမှုထမ်းမှု မန္တလေးတွင် ဆက်ကန့်ကွက်

တပ်မှ အငြိမ်းစားများ တရားရေးဌာနများတွင် ဝင်ရောက်အမှုထမ်းမှု မန္တလေးတွင် ဆက်ကန့်ကွက်
၂၀၁၅ ခုနှစ် စက်တင်ဘာ ၁၅ ရက်က အမရပူရ တရားရုံးတွင် ရှေ့နေများမှ ဖဲကြိုးအဝါရောင်များ တပ်ဆင်ကာ ကန့်ကွက်ခဲ့ကြစဉ်။ (ဓာတ်ပုံ-ဘိုဘို၊မဇ္ဈိမ)

မန္တလေး၊ စက်တင်ဘာ ၁၅ ။ ။ တရားရေးဌာနများတွင် တပ်မတော်မှ အငြိမ်းစားများ ရောက်ရှိအမှုထမ်းမှုကို လက်မခံသည့် ကန့်ကွက်မှုကို ၂၀၁၅ ခုနှစ် စက်တင်ဘာ ၁၅ ရက်က အမရပူရ တရားရုံးတွင် ရှေ့နေများမှ ဖဲကြိုးအဝါရောင်များ တပ်ဆင်ကာ ကန့်ကွက်ခဲ့ကြသည်။

အဆိုပါ ကန့်ကွက်မှုကို စက်တင်ဘာ ၉ရက်က ဒက္ခိဏခရိုင်တရားရုံးရှေ့တွင် စတင် ခဲ့ခြင်းဖြစ်ပြီး စက်တင်ဘာ ၁၄ရက်တွင် ပုဗ္ဗသီရိမြို့နယ် တရားရုံးရှေ့တွင်လည်း လုပ်ခဲ့သေးသည်။

အဆိုပါ လှုပ်ရှားမှု၏ လက်ကမ်းစာစောင်များတွင်လည်း "၂၀၁၅ အလွန်ကာလအတွက် ကြိုတင်ပြင်ဆင်ပြီး Militarization of Judiciary လုပ်ဖို့ ရည်ရွယ်ချက်ရှိရှိနဲ့ အင်အား ထပ်ဖြည့်လာတယ်လို့ သိမြင်တွေ့ရှိ ရတဲ့အတွက် ဟန့်တားဖို့ ကြိုးစားကြတာဖြစ်ပါတယ်။ တရားရုံး၊ တရားစီရင်ရေးနဲ့ပတ်သက်သူ အားလုံးဟာ တရားရေးကို စစ်ဩဇာအောက် သွင်းမယ့် ခြေလှမ်းကို ဆန့်ကျင် ရပါမယ်" ဟု ရေးသားထားသည်။

အဆိုပါ ကန့်ကွက်မှုကို စက်တင်ဘာ ၉ရက်က နေပြည်တော် ဒက္ခိဏခရိုင်တရားရုံးရှေ့တွင် စတင် ခဲ့ကာ စက်တင်ဘာ ၁၄ရက်တွင် ပုဗ္ဗသီရိမြို့နယ် တရားရုံးရှေ့တွင်လည်း လုပ်ခဲ့သေးသည်။  

"အမိန့်ပေးတဲ့စနစ်ကို အသွေးအသား ဖြစ်နေတဲ့ပုဂ္ဂိုလ်တွေက တရားစီရင်ရေးစနစ်ကို ဝင်လာတာဟာ အဖတ်ဆယ်လို့မရအောင် တရားစီရင်ရေး ပျက်ပြီလို့ ကျွန်တော်တို့ ယူဆပါတယ်" ဟု ဦးဆောင်လှုပ်ရှားသူ ပျဉ်းမနားမြို့နယ်၊ ရှေ့နေအသင်းဥက္ကဋ္ဌဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly