ရွေးကောက်ပွဲ အသိပေးလှု့ံဆော်မှု ကာတွန်းရုပ်ရှင် ရွေးကောက်ပွဲကော်မရှင် ပြသ

ရွေးကောက်ပွဲ အသိပေးလှု့ံဆော်မှု ကာတွန်းရုပ်ရှင် ရွေးကောက်ပွဲကော်မရှင် ပြသ
"မဲစာရင်း သွားကြည့်ကြပါစို့" ကာတွန်းရုပ်ရှင် သရုပ်ပြကွက်ကို တွေ့ရစဉ်။

ရန်ကုန်၊ စက်တင်ဘာ ၁၅။ ။ နိုဝင်ဘာ ၈ ရက် သမိုင်းဝင် ရွေးကောက်ပွဲ ကျင်းပခြင်း အသိပေးလှုံ့ဆော်မှု တစ်ရပ်အဖြစ် ရွေးကောက်ပွဲ ကော်မရှင်က "မဲစာရင်း သွားကြည့်ကြပါစို့" ကာတွန်းရုပ်ရှင်ကို ရိုက်ကူးတင်လိုက်သည်။ စက်တင်ဘာ ၁၁ ရက် International IDEA ၏ ဝက်ဘ်ဆိုက်အရ မဲဆန္ဒရှင်စာရင်းပြသမှုတွင် ကာတွန်းရုပ်ရှင်ဖြင့် အသိပေးအားပေးမြှင့်တင်မှု ပြုလုပ်ခြင်းဖြစ်သည်။

နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲတွင် အသေအချာ မဲပေးနိုင်ရန် မဲစာရင်းတွင် ပါမပါ မဲဆန္ဒရှင်ပြည်သူများအား သွားရောက်ကြည့်ရှုရန် နှိုးဆော်ထားသည်။ တစ်နိုင်ငံလုံး မဲဆန္ဒရှင်စာရင်းကို စက်တင်ဘာ ၁၄ မှ ၂၇ ရက်အထိ ပြသကြေညာ ထားမည်ဖြစ်သည်။ စာရင်းတွင် မှားယွင်းမှုရှိပါက ပြင်ဆင်နိုင်ရေးအတွက် လျှောက်ထားနိုင်သည့် အရေးကြီးသည့် အခွင့်အရေးဖြစ်သည်။

မဲစာရင်းတွင် ပြည်သူများ နိုးကြားသတိရှိခြင်းများ မြင့်တက်လာခြင်းက အထူးအရေးကြီးသည်။ လွှတ်တော် ကိုယ်စားလှယ်များ ရွေးကောက် တင်မြှောက် နိုင်ရေးအတွက် မဲဆန္ဒရှင်များ ပထမဆုံး ရွေးကောက်ပွဲတွင် ပါဝင်မဲပေးကြမည်ဖြစ်သည်။ ယခု ကာတွန်းရုပ်ရှင်သည် International IDEA ၏ ထောက်ပံ့ပံ့ပိုးမှုဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်လွှင့်ပြသသည့် ရွေးကောက်ပွဲ အသိပေးလှုံ့ဆော်မှု ငါးခုအနက် ဒုတိယမြောက် အသိပေး လှုံ့ဆော်မှုဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly