ဘန်ကောက်ဗုံးခွဲမှု အဓိကလက်သည်တရားခံ တူရကီသို့ ထွက်ပြေးဟု ထိုင်းရဲများ ပြော

ဘန်ကောက်ဗုံးခွဲမှု အဓိကလက်သည်တရားခံ တူရကီသို့ ထွက်ပြေးဟု ထိုင်းရဲများ ပြော

ဘန်ကောက်ရှိ ဟိန္ဒိူဘုရားကျောင်း ဗုံးဖောက်ခွဲသည့် အဓိကသံသယရှိသူမှာ တူရကီနိုင်ငံသို့ ထွက်ပြေးလွတ်မြောက်သွားပြီဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောသည်။

သံသယရှိသူမှာ အဘူဒူဆာတာအီအဘူဒူရီဟီမန်းဟုလည်းခေါ်သည့် အစ္စဟန်းဆိုသူဖြစ်ကြောင်း ရဲတပ်ဖွဲ့က ကောက်ချက်ချထားပြီး ယင်းဗုံးဖောက်ခွဲ၍ လူပေါင်း ၂၀ သေဆုံးခဲ့သည်။

တရုတ်နိုင်ငံ ရှန်ကျင်းပြည်နယ်မှဖြစ်နိုင်သည့် အသက် ၂၇ နှစ်အရွယ် အစ္စဟန်းသည် တူရကီနိုင်ငံ မြို့တော် အစ္စတန်ဘူလ်တွင် ရောက်ရှိနေပြီဖြစ်သည်ဟု ရဲက ခန့်မှန်းထားသည်။

နာရီပိုင်းအတွင်းကလည်း မလေးရှားနိုင်ငံသားနှစ်ဦးကို ဘန်ကောက်ဗုံးခွဲမှုသံသယရှိ၍ မလေးရှားရဲများက ဖမ်းဆီးရမိထားသည်။ ထိုင်းရဲတပ်ဖွဲ့ကလည်း ယင်းဗုံးခွဲမှုနှင့် ပတ်သက်ကာ သံသယရှိသူနှစ်ဦးအား ဖမ်းဆီးမိထားပြီးဖြစ်သည်။

Ref ; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly