ကမ္ဘာအနှ့ံလွှမ်းခြံုမည့် လေပိုင်နက် ထောက်လှမ်းရေး ယူနစ်သစ် ဖွဲ့စည်းရန် အမေရိကန် စီစဉ်

ကမ္ဘာအနှ့ံလွှမ်းခြံုမည့် လေပိုင်နက် ထောက်လှမ်းရေး ယူနစ်သစ် ဖွဲ့စည်းရန် အမေရိကန် စီစဉ်

အမေရိကန်စစ်တပ်က ကမ္ဘာတစ်ဝန်းတွင် ၎င်း၏ လေကြောင်းထောက်လှမ်းရေးမစ်ရှင်များကို တိုးချဲ့ဖြန့်ကြက်နိုင်ရေး တပ်ဖွဲ့ယူနစ်သစ်များကို ဖွဲ့စည်းတည်ထောင်ရန် စီစဉ်လျက်ရှိကြောင်း သတင်းတစ်ရပ် တွင်ဖော်ပြသည်။

လက်ရှိတည်ရှိဆဲလေကြောင်း စူးစမ်းထောက်ရှာရေးတပ်ဖွဲ့စုများကဲ့သို့ ဖွဲ့စည်းပုံမျိုးပင် ဖွဲ့စည်းတည်ထောင်မည်ဖြစ်ပြီး စစ်ဇုန်များရှိရန်သူအချက်ပြမှုများကို ကောက်ယူထောက်လှမ်းနိုင်မည့် အထူကိရိယာများ တပ်ဆင်ထားသည့် လေယာဉ်များဖြင့် ဖွဲ့စည်းယူနစ်များဖြစ်မည်ဖြစ်ကြောင်း The Hill တွင် သတင်းဖော်ပြသည်။

အရှေ့အလယ်ပိုင်း၊ မြောက်အာဖရိကနှင့် ယူကရိန်းတို့အနှံ့တစ်ခွင်တွင် ပဋိပက္ခများဖြစ်ပွားနေခြင်းနှင့်အတူ ကမ္ဘာတွင် ခြိမ်းခြောက်မှုများ တိုးတက်များပြားလာသည့်ကြား ယခုအစီအစဉ်သစ်ကို ရေးဆွဲစီစဉ် လာခြင်းဖြစ်သည်။

ဂျော်ဂျီယာရှိ Hunter Army Airfield နှင့် တက္ကဆက်ရှိ Fort Bliss တို့တွင် အဆိုပါ လေကြောင်းထောက်လှမ်းရေးယူနစ်နှစ်ခုကို တည်ထောင်ဖွဲ့စည်းလျက်ရှိပြီဖြစ်ကြောင်းလည်း ယင်းသတင်းတွင်ဖော်ပြ ထားသည်။

Ref: Press TV

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly