အာရှခြေစစ်ပွဲ အောင်ပါက အီတလီနှင့် တူရကီနိုင်ငံများသို့ ယူ-၁၉ အသင်း သွားရောက် လေ့ကျင့်မည်

အာရှခြေစစ်ပွဲ အောင်ပါက အီတလီနှင့် တူရကီနိုင်ငံများသို့ ယူ-၁၉ အသင်း သွားရောက် လေ့ကျင့်မည်
အာရှယူ-၁၉ ချန်ပီယံရှစ်ခြေစစ်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မည့် မြန်မာယူ-၁၉ အသင်း။ ဓာတ်ပုံ- MFF

၂၀၁၆ အာရှယူ-၁၉ ချန်ပီယံရှစ် ခြေစစ်ပွဲအောင်မြင်ပါက မြန်မာယူ-၁၉ အသင်းအနေဖြင့် အီတလီနှင့် တူရကီနိုင်ငံများသို့ သွားရောက် နေထိုင်လေ့ကျင့်ရန် စီစဉ်ထားသည်ဟု နည်းပြ ဂတ်ဇီဆီ ဖရိုင်းဒရစ်က ပြောသည်။

မြန်မာယူ-၁၉ အသင်းမှာ ၂၀၁၅ အာဆီယံယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ သော်လည်း အောင်မြင်မှု ရယူနိုင်ခြင်းမရှိပဲ အုပ်စုအဆင့်မှ ထွက်ခဲ့ရကာ လက်ရှိအချိန်တွင် အာရှခြေ စစ်ပွဲအတွက် ပြင်ဆင်လေ့ကျင့်မှုများ ပြုလုပ်နေသည်။ “အသင်းအနေနဲ့ အာရှခြေစစ်ပွဲမှာ ဗီယက်နမ်နဲ့ ပွဲကို အာရုံစိုက်ကစားရင် ခြေစစ်ပွဲ အောင်မှာပါ။ ဘရူနိုင်းနဲ့ တီမောအသင်းအကြောင်းကို သိထားပါ တယ်။ ဟောင်ကောင်အသင်း အခြေအနေကိုတော့ စုံစမ်းနေဆဲပါ။ ကျွန်တော်တို့ ခြေစစ်ပွဲပြီးတာနဲ့ တစ်ပတ်အတွင်း ဥရောပ နိုင်ငံတွေဖြစ်တဲ့ အီတလီ၊ တူရကီနိုင်ငံတွေကိုသွားပြီး သူတို့ဆီက တတိယ တန်း၊ ဒုတိယတန်း အသင်းတွေနဲ့ ခြေစမ်းဖို့ စီစဉ်ထားပါတယ်” ဟု ဂတ်ဇီဆီဖရိုင်းဒရစ်က ပြောသည်။

မြန်မာယူ-၁၉ အသင်းမှာ ၂၀၁၆ အာရှယူ-၁၉ ချန်ပီယံရှစ်ခြေစစ်ပွဲ အုပ်စု(ဆ)တွင် ဗီယက်နမ်၊ ဟောင်ကောင်၊ ဘရူနိုင်း၊ တီမောအသင်းများနှင့် တစ်အုပ်စုတည်း ကျရောက်နေပြီး ပွဲစဉ်များကို စက်တင်ဘာ ၂၈ ရက်မှ အောက်တိုဘာ ၆ ရက်အထိ ရန်ကုန်မြို့၊ သုဝဏ္ဏကွင်းတွင် ယှဉ်ပြိုင်က စားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly