China Unicom ကုမ္ပဏီက မြန်မာနှင့် ဆက်သွယ်သည့် နိုင်ငံတကာ ရေအောက် ဆက်သွယ်ရေးကေဘယ်လ်ကြိုး တည်ဆောက်နေ

China Unicom ကုမ္ပဏီက မြန်မာနှင့် ဆက်သွယ်သည့် နိုင်ငံတကာ ရေအောက် ဆက်သွယ်ရေးကေဘယ်လ်ကြိုး တည်ဆောက်နေ

တရုတ်နိုင်ငံပိုင် ဆက်သွယ်ရေးကုမ္ပဏီသုံးခုအနက် တစ်ခုဖြစ်သည့် China Unicom ကုမ္ပဏီက မြန်မာနိုင်ငံနှင့် ဆက်သွယ်သည့် နိုင်ငံတကာ ရေအောက် ကေဘယ်လ်ကြိုးကို တည်ဆောက်လျက် ရှိကြောင်း ကုမ္ပဏီ ဒုတိယဥက္ကဋ္ဌဖြစ်သူ Jiang Zhengxin ကပြောသည်။

ကွမ်ကျိကျန်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်နင်းတွင် ကျင်းပသည့် China-ASEAN Information Harbor Forum ဖိုရမ်တွင် ၎င်းက ယင်းသို့ ကြေညာခဲ့ခြင်းဖြစ်သည်။

ကုမ္ပဏီက အမေရိကန်ဒေါ်လာ သိန်း၅၀၀ မတည်ရင်းနှီးသည့် တရုတ်-မြန်မာ optical cable transmission system လည်း တည်ဆောက်ပြီးစီးပြီး တရုတ်၏ နိုင်ငံတကာ ဆက်သွယ်ရေးကွန်ရက်ကို အိန္ဒိယသမုဒ္ဒရာအထိ ဖြန့်ဆန့်နိုင်ပြီဖြစ်ကြောင်း Jiang ကပြောသည်။

China Union က အာဆီယံနိုင်များနှင့် တရုတ်နိုင်ငံတို့ကြား သတင်းအချက်အလက် အခြေခံအဆောက်အအုံကို တည်ဆောက်သွားရေး ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း၊ နည်းပညာကွန်ယက်များနှင့် အခြေခံအဆောက်အအုံများ၊ "One Belt and One Road" သတင်းအချက်အလက်စနစ်များ တည်ဆောက်ခြင်းများကို ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

၂၀၁၁ ခုနှစ်တွင် နန်နင်းတွင် အာဆီယံနိုင်ငံများအတွက် နိုင်ငံတကာဆက်သွယ်ရေးလမ်းကြောင်းကို ကုမ္ပဏီက တည်ထောင်ပြီး အင်တာနက်လုပ်ငန်းများ အရည်အသွေးနှင့် အရှိန်လျင်မြန်ရေးနှင့် တရုတ်နိုင်ငံရှိ မြို့များနှင့် အာဆီယံနိုင်ငံများကြား သတင်းကူးလူးမှု မြှင့်တင်နိုင်ရေးအတွက် လုပ်ဆောင်လျက်ရှိသည့် ကုမ္ပဏီဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly