ရုရှသမ္မတ ဗလာဒီမီယာပူတင်၏ မိန်းမလျာများအပေါ် သဘောထားမှာ ရူးကြောင်ကြောင်နိုင်သည်ဟု ကမ္ဘာ့ဂီတကြယ်ပွင့်ကြီး အယ်လ်တန် ဂျွန်ပြော

ရုရှသမ္မတ ဗလာဒီမီယာပူတင်၏ မိန်းမလျာများအပေါ် သဘောထားမှာ ရူးကြောင်ကြောင်နိုင်သည်ဟု ကမ္ဘာ့ဂီတကြယ်ပွင့်ကြီး အယ်လ်တန် ဂျွန်ပြော

ဒိုင်နမိုကိယက်၊ စက်တင်ဘာ - ၁၃ ။         ။ အင်္ဂလိပ်ဂီတကြယ်ပွင့်ကြီး ဆာအယ်လ်တန် ဂျွန်က သူ့အခေါ် ရုရှသမ္မတ၏ မိန်းမလျာအခွင့်အရေးအပေါ် ရူးကြောင်ကြောင်သဘောထားကို ဆွေးနွေးရန် ဗလာဒီမီယာ ပူတင်နှင့် တွေ့ဆုံလိုကြောင်း ပြောကြားခဲ့သည်။

ယမန်နှစ်က လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ကြီး၏ အစီရင်ခံစာက ရုရှနိုင်ငံမှာ မိန်းမလျာလူနည်းစုအပေါ် တိုက်ခိုက်မှုများ မြင့်တက်လာစဉ်အတွင်း လိင်တူမုန်းတီးအကြမ်းဖက်မှုများကို တားဆီးခြင်း၊ တရားစွဲခြင်းများ ပြုလုပ်ရန် ပျက်ကွက်ခဲ့သည်ဟု ပြောကြားခဲ့သည်။

သူ၏ နောက်ကျောတွင် ဟားတိုက်ရယ်မော၍ တကယ့်အရူးဟု ခေါ်တွင်စေဦးတော့ မစ္စတာပူတင်နှင့် တွေ့ဆုံဆွေးနွေးလိုသည်ဟု ဆာအယ်လ်တန်က ဘီဘီစီသို့ ပြောကြားခဲ့သည်။ ကမ္ဘာကျော် ဂီတပညာရှင်ကြီး ဆာအယ်လ်တန်ဂျွန်မှာ ယခုလက်ရှိတွင် ယူကရိန်းသို့ ရောက်ရှိနေသည်။

ဆာအယ်လ်တန်ဂျွန်က ယူကရိန်းသမ္မတ ပက်ထရို ပိုရိုရှင်ကိုနှင့် တွေ့ဆုံခဲ့ပြီး ယူကရိန်းနိုင်ငံအနေဖြင့် မိန်းမချင်း၊ မိန်းမလျာ၊ နှစ်လမ်းသွားနှင့် လိင်ပြောင်း (LGBT)လူမှုရိပ်မြုံကို အခိုင်အမာထောက်ခံ မှုပေးရန် တိုက်တွန်းတောင်းဆိုခဲ့သည်။ LGBT ဝန်ထမ်းများကို ကျောခိုင်းစွန့်ပစ်ခြင်း မပြုလုပ်ရန်အတွက်လည်း ဆာအယ်လ်တန်က စီးပွားရေးခေါင်းဆောင်များနှင့်လည်း တွေ့ဆုံခဲ့သေးသည်ဟု ဆိုသည်။ 

ယူကရိန်း၏ အိမ်နီးချင်းဖြစ်သည့် ရုရှကမူ ငယ်ရွယ်သူများကြားတွင် ဒွိလိင်စရိုက် (homosexual behavior)များ ကျယ်ပြန့်လာစေရန် မြှင့်တင်သူများကို တရားစွဲသည့် ဥပဒေတစ်ရပ်ကို ၂၀၁၃ခုနှစ် ဇွန်လက အတည်ပြုပြဌာန်းခဲ့သည်။

 မိန်းမလျာများမှာ ကလေးသူငယ်များကို ပစ်မှတ်ထားနေသည်ဟု သဘောသက်ရောက်သော မစ္စတာပူတင်၏ ယမန်နှစ်က မှတ်ချက်စကားကို ဆာအယ်လ်တန်ဂျွန်က အပြင်းအထန် ဝေဖန်ခဲ့သည်။ ''ခင်ဗျားဟာ ရုရှနိုင်ငံရဲ့ သမ္မတကြီးတစ်ယောက်ဖြစ်နေပြီး ဒီလောက်တုံးတဲ့စကားကို ပြောရသလား''ဟု ဆာအယ်လ်တန်က ပြောကြားခဲ့သည်။  

မစ္စတာပူတင်၏ မိန်းမလျာများအပေါ် သဘောထားမှာ အာဃာတကြီးမားလွန်းပြီး ရူးကြောင်ကြောင်နိုင်သည်ဟုလည်း ဆာအယ်လ်တန်က ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly