ချယ်လ်ဆီးကိုဦးဆောင်ရန် မိမိသာလျှင်အသင့်တော်ဆုံးဟု မော်ရင်ဟိုပြော

ချယ်လ်ဆီးကိုဦးဆောင်ရန် မိမိသာလျှင်အသင့်တော်ဆုံးဟု မော်ရင်ဟိုပြော

စက်တင်ဘာ ၁၃၊ လန်ဒန် ။         ။ လက်ရှိချန်ပီယံအသင်းအနေဖြင့် ၂၉ နှစ်အတွင်းအဆိုးရွားဆုံး ရာသီအစရလဒ်နှင့် ကြုံနေရသော်လည်း မော်ရင်ဟိုက ချယ်လ်ဆီးအသင်းကို ဦးဆောင်ရန် ၎င်းထက် ပိုကောင်းသူမရှိဟု ပြောဆိုလိုက်သည်။

လက်ရှိရာသီတွင်တတိယမြောက်ရှုံးပွဲကြုံပြီးနောက် ချယ်လ်ဆီးအသင်းမှာနောက်ကြောင်းပြန်သွားနေသည်ဟု အင်္ဂလန်တိုက်စစ်မှူးဟောင်း ခရစ်ဆပ်တန်က သတိပေးပြောဆိုထားသည်။

"ဒါကမော်ရင်ဟိုအတွက် ချယ်လ်ဆီးနည်းပြဘဝမှာ ပထမဆုံးအကြိမ်တကယ့်ဖိအားနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်"ဟု ဆပ်တန်ကပြောသည်။

အဲဗာတန်အသင်းကို ၃-၁ ဂိုးဖြင့်ရှုံးပြီးနောက် မော်ရင်ဟိုက ၎င်းကြုံတွေ့နေရသည့်အခြေအနေအပေါ် လူအများကပျော်ရွှင်နေကြလိမ့်မည်ဟု လည်းပြောသည်။

"ရလဒ်တွေက ကျွန်တော့်နည်းပြသက်တမ်းမှာအဆိုးဆုံးပါပဲ။ အဲဒါတွေက ကျွန်တော့်အရည်အချင်း၊ ကျွန်တော့အခြေအနေတွေနဲ့ မကိုက်ညီပါ ဘူး။ ဒါပေမဲ့ အခြေအနေကို ကျွန်တော်ကောင်းကောင်း ကိုင်တွယ်နေပါတယ်။ ဖိအားတွေမခံစားရပါဘူး။ ကျွန်တော်ကအလုပ်အတွက် လူသား ဖြစ်ပါတယ်။ ကျွန်တော့်အလုပ်ကို ကျွန်တော့်ထက်ပိုကောင်းအောင်လုပ်နိုင်မယ့်သူရှိမယ် မထင်ဘူး" ဟုမော်ရင်ဟို ကပြောသည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly