ကင်ကာဒစ်ရှန်ကို ကျော်လွန်ကာ Instagram ဘုရင်မ ဖြစ်လာတဲ့ တေလာဆွဇ်

ကင်ကာဒစ်ရှန်ကို ကျော်လွန်ကာ Instagram ဘုရင်မ ဖြစ်လာတဲ့ တေလာဆွဇ်

ပေါ့ကြယ်ပွင့် တေလာဆွဇ်သည် ပြီးခဲ့သည့်လက Instagram တွင် ပရိသတ်  ၉၀၀,၀၀၀ ကျော် ရရှိခဲ့ပြီး ကင်ကာဒစ်ရှန်နှင့် ဘီယွန်စေးတို့ကို ကျော်လွန်ကာ Instagram တွင် ထိပ်ဆုံးမှ ရပ်တည်လျက် ရှိသည်။

တေလာဆွဇ်သည် ယခုအခါ Instagram တွင် follower အများဆုံးရရှိခဲ့ပြီး Instagram ဘုရင် မဖြစ်သော ကင်ကာဒစ်ရှန်ကို ကျော်လွန်ကာ Instgram ဘုရင်မအဖြစ် ရပ်တည်လျက် ရှိသည်။ တေလာ၏ follower များသည် ၄၅ ဒသမ ၉ သန်းထိရှိလာပြီး ကင်ကာဒစ်ရှန်၏ follower သည် ၄၅ ဒသမ ၇ သန်း ရှိသည်။

အသက် ၂၅ နှစ်အရွယ်ရှိ တေလာသည် Instagram တွင် ဓာတ်ပုံအများအပြား တင်ခဲ့ခြင်း မရှိဘဲ ဓာတ်ပုံပေါင်း ၆၈၉ ပုံသာ တင်ခဲ့သည်။ သို့ရာတွင် ကင်ကာဒစ်ရှန်သည် ပုံတင်သည့် အကြိမ်ရေ ၃,၀၀၀ ကျော် ရှိသော်လည်း တေလာသည် Instagram တွင် follower အများဆုံး ရရှိခဲ့သည်။ ကင်ကာဒစ်ရှန်သည် selfie ပုံများသာ အများဆုံးတင်ခဲ့ပြီး တေလာသည် ၎င်း၏ ဘဝလှုပ်ရှားမှု အစိတ်အပိုင်း ပုံရိပ်များကိုသာ တင်ခဲ့သည်။

ပြီးခဲ့သည့်လက တေလာသည် Instagram တွင် followers  ၄၅ သန်းဖြင့် ကင်ကာဒစ်ရှန်နှင့် ပေါ့ပ်ဘုရင်မ ဘီယွန်စေးတို့၏နောက် နံပါတ် ၃ နေရာတွင် ရပ်တည်လျက် ရှိသော်လည်း ၎င်း၏မြောက်အမေရိက ဖျော်ဖြေရေးခရီးစဉ်က အချိန်တိုအတွင်း ပရိသတ် ၉၀၀,၀၀၀ ကျော်ကို ဆွဲဆောင်နိုင်ခဲ့ဖွယ် ရှိသည်။

တေလာသည် စက်တင်ဘာ ၁၀ ရက်က Instagram တွင်  ၎င်း၏ မောင်ဖြစ်သူ အသက် ၂၃ နှစ်ရှိ အော်စတင် ရုပ်ရှင်ကားတွင် ပထမဆုံး သရုပ်ဆောင်သွားမည့် အကြောင်းကို ရေးသားခဲ့သည်။
တေလာသည် သည်းထိတ်ရင်ဖို I.T ဇာတ်ကားတွင် ပရင့်စ်ဘရိုဆန်နှင့် စတီဖင် စကော့ တို့နှင့်အတူ သရုပ်ဆောင်သွားမည် ဖြစ်ကြောင်း Deadline တွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly