ရိုးမ ရန်ကုန် နိုင်ငံတကာ မာရသွန်ပွဲ ၂၀၁၆ ဇန်နာဝါရီတွင် ကျင်းပမည်

ရိုးမ ရန်ကုန် နိုင်ငံတကာ မာရသွန်ပွဲ ၂၀၁၆ ဇန်နာဝါရီတွင် ကျင်းပမည်
Photo YOMA Yangon International Marathon 2015

လေးကြိမ်မြောက် ရိုးမ ရန်ကုန် နိုင်ငံတကာမာရသွန်အပြေးပြိုင်ပွဲကြီးအား FMI နှင့် ရန်ကုန်စည်ပင်တို့ ပူးတွဲ၍ ရန်ကုန်မြို့တွင် ၂၀၁၆ ခု ဇန်နာဝါရီ ၁၇ ရက်နေ့၌ ကျင်းပမည်ဟု သိရသည်။

"ကလေးများအတွက် ပြေးလွှားခြင်း" ဆောင်ပုဒ်ဖြင့် ကျင်းပမည်ဖြစ်ပြီး ပြိုင်ပွဲဝင် ၅,၀၀၀ ရှိမည်ဟု လျာထားကြောင်း စက်တင်ဘာ ၁၂ ရက် ဆင်ဟွာသတင်းတစ်ပုဒ်က ဖော်ပြသည်။

၄၂ ကီလိုမီတာ အပြည့်မာရသွန်၊ တစ်ဝက်မာရသွန်နှင့် စိန်ခေါ်မာရသွန် ၁၀ ကီလိုမီတာတို့ ပါဝင်ပြီး တာထွက်-တာဝင် ကို သုဝဏ္ဏအားကစားပြိုင်ပွဲရုံအား သတ်မှတ်ထားသည်။

တတိယကြိမ်မြောက်ပွဲကို ရန်ကုန်မြို့တွင် ၂၀၁၅ ခု ဇန်နာဝါရီ ၁၁ ရက်နေ့ကပြုလုပ်ခဲ့ပြီး အပြည့်-တစ်ဝက် မာရသွန် ပြိုင်ပွဲနှစ်ခုလုံးကို ကင်ညာနိုင်ငံမှ ပထမရရှိကြသည်။ မြန်မာနိုင်ငံမှ အပြည့်မာရသွန် အမျိုးသမီးပြိုင်ပွဲတွင် ဒုတိယရပြီး၊ တစ်ဝက် မာရသွန်တွင် တတိယရခဲ့သည်ဟု ပွဲကျင်းပရေးအဖွဲ့က ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly