SS5O1 အဖွဲ့ဝင် ကင်ကူဂျုန် ဂျပန်တွင် တစ်ကိုယ်တော် ဖျော်ဖြေပွဲ ကျင်းပမည်

SS5O1 အဖွဲ့ဝင် ကင်ကူဂျုန် ဂျပန်တွင် တစ်ကိုယ်တော် ဖျော်ဖြေပွဲ ကျင်းပမည်

ဆိုးလ်၊ စက်တင်ဘာ ၁၁ ။            ။ တောင်ကိုရီးယား အမျိုသား အဆိုတော်အဖွဲ့ SS5O1 အဖွဲ့ဝင် ကင်ကူဂျုန်သည် တစ်ကိုယ် တော်ဖျော်ဖြေပွဲကို စက်တင်ဘာ ၁၃ ရက်တွင်  ဂျပန်နိုင်ငံ၌ ကျင်းပသွားမည် ဖြစ်သည်။

ကင်သည် ယခုနှစ်က ဂျပန်နိုင်ငံတွင် ၎င်း၏ ပထမဆုံး တစ်ကိုယ်တော် တေးသီချင်းအယ်လ် ဘမ် Drawing Love ကို  ဖြန့်ချိခဲ့ရာ အပတ်စဉ် တေးသီချင်းအယ်လ်ဘမ် ရောင်းချရမှုဇယားတွင် နံပါတ်တစ်နေရာကို ရရှိခဲ့ကြောင်း Tower Records မှ ကောက်ယူသော စာရင်းများတွင် ဖော်ပြထား သည်။

“ ဒါဟာ ကင်ရဲ့ ပထမဆုံး တစ်ကိုယ်တော် ဖျော်ဖြေပွဲဖြစ်တာမို့ အကောင်းဆုံး ကြိုးစားသွားမှာ ပါ။ သူဟာ ဖျော်ဖြေပွဲကို အကောင်းဆုံးလုပ်ဖို့ ဆန်းသစ်တီထွင်မှုတွေ လုပ်ဆောင်နေပါတယ်” ဟု  B2M Entertainment အေဂျင်စီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အသက် ၂၉ နှစ်အရွယ်ရှိ ကင်သည်  ၂၀၁၁ ခုနှစ်က ၎င်း၏ တစ်ကိုယ်တော်ပွဲဦးထွက် တေးသီချင်းအယ်လ်ဘမ် Turn Me On  တေးသီချင်း အယ်လ်ဘမ်ကို ထွက်ရှိခဲ့သည်။ အဆိုပါ တေးသီချင်း အယ်လ်ဘမ်၏ ခေါင်းစဉ်တေးသီချင်းမှာ Yesterday ဖြစ်သည်။ ကင်သည် ရုပ်မြင်သံ ကြား ဒရမ်မာဇာတ်ကားများတွင် ပါဝင်သရုပ်ဆောင်လျက် ရှိသည့်အပြင် ဂီတလုပ်ငန်းများကိုလည်း လုပ်ဆောင်လျက် ရှိသည်။

ကင်သည် မကြာသေးမီက Start Love ဒရမ်မာ ဇာတ်ကားကို ရိုက်ကူးပြီးစီးခဲ့ကြောင်း  ယင်း ဇာတ်ကားတွင် ကင်သည် ခေါင်းဆောင်မင်းသားနေရာမှ ပါဝင်သရုပ်ဆောင်ထားပြီး ယခုလတွင် Naver’s TV Cast မှ ထုတ်လွှင့်ပြသသွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly