မန်ယူနှင့်လေးနှစ်စာချုပ်သစ် ဂိုးသမားဒီဂီယာချုပ်ဆို

မန်ယူနှင့်လေးနှစ်စာချုပ်သစ် ဂိုးသမားဒီဂီယာချုပ်ဆို

စက်တင်ဘာ ၁၁၊ မန်ချက်စတာ ။          ။ မန်ယူဂိုးသမားဒေးဗစ်ဒီဂီယာသည် အသင်းနှင့်လေးနှစ်စာချုပ်သစ်ချုပ်ဆိုလိုက်ပြီဖြစ်သည်။ အသက် ၂၄ နှစ်အရွယ်ရှိစပိန်လက်ရွေးစင် ဂိုးသမားသည် အပြောင်းအရွှေ့နောက်ဆုံးရက်တွင် ရီးယဲလ်မက်ဒရစ်သို့ရောက်လုနီးပါးဖြစ်ခဲ့သော်လည်း စာရွက်စာတမ်းများအချိန်မီ မတင်နိုင်သဖြင့် ပျက်ပြယ်ခဲ့ရသည်။

ဒီဂီယာ၏စာချုပ်ဟောင်းမှာတစ်နှစ်သက်တမ်းသာကျန်တော့ပြီး စာချုပ်သစ်အရ လေးနှစ်အပြင်နောက်ထပ်တစ်နှစ်ထပ်မံသက်တမ်းတိုးခွင့် လည်းရှိမည်ဖြစ်သည်။

"မန်ယူအသစ်နဲ့အခုလို စာမျက်နှာသစ်ဖွင့်နိုင်ခဲ့လို့ ဝမ်းသာပါတယ်။ မန်ယူအသင်းက စပါယ်ရှယ်ကလပ်အသင်းတစ်သင်းဖြစ်ပြီး အိုးထရက် ဖို့ဒ်ကလည်း ကျွန်တော့်ကစားသမားဘဝ ဆက်လက် တိုးတက်စေမယ့်နေရာဖြစ်ပါတယ်။ နွေရာသီတုန်းကဖြစ်ခဲ့တာတွေကိုမေ့ပစ်ပြီး အလုပ်ကို ပဲ ရှေ့ဆက်ပြင်းပြင်းထန်ထန်အားစိုက်ကြိုးစားသွားမှာပါ"ဟု ဒီဂီယာကပြောသည်။

နည်းပြဗန်ဟားလ်က ဒီဂီယာသည်ရီးယဲလ်နှင့်အပြောင်းအရွှေ့သတင်းများထွက်ပေါ်နေသည့်ကာလအတွင်း အာရုံစိုက်မှုလျော့နည်းနေသည် ဟု ဆိုကာ ရာသီအစပွဲများတွင် ချန်လှပ်ထားခဲ့သည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly