နိုင်ငံတွင်းသို့ ဒုက္ခသည်များ အပြံုလိုက် ၀င်ရောက်မှုအပေါ် ဂျာမနီပြည်သူ အများစု မစိုးရိမ်

နိုင်ငံတွင်းသို့ ဒုက္ခသည်များ အပြံုလိုက် ၀င်ရောက်မှုအပေါ် ဂျာမနီပြည်သူ အများစု မစိုးရိမ်

စက်တင်ဘာ ၁၁ ။          ။ ဂျာမနီ နိုင်ငံသား ထက်ဝက်ကျော်ခန့်က မိမိတို့ နိုင်ငံတွင်းသို့ ဒုက္ခသည်များ မကြုံစဖူး ထူးကဲစွာ အစုလိုက်အပြုံလိုက် ဝင်ရောက်လာမှုအပေါ် တစ်စုံတစ်ရာ စိုးရိမ်ပူပန်နေခြင်း မရှိကြကြောင်း စစ်တမ်းတစ်ရပ်တွင် တွေ့ရှိခဲ့ရသည်။

တစ်ချိန်တည်းတွင်လည်း အခြားသောစစ်တမ်းတစ်ရပ်အရ ယခု အကျပ်အတည်းတွင် ဘာလင်အစိုးရ၏ ကိုင်တွယ်မှုနှင့် ပတ်သက်၍ ပြည်သူများ ကကျေနပ်အားရမှုမရှိသည်ကို တွေ့ရှိရသည်။

ဂျာမနီ အစိုးရသည် နိုင်ငံတွင်းသို့ စံချိန်တွင် များပြားလှသည့် ပမာဏဖြင့် ဒုက္ခသည်များနှင့် ရွှေ့ပြောင်းနေထိုင်သူများ ဝင်ရောက်မှု ကိစ္စရပ်အပေါ် ကိုင်တွယ်ဖြေရှင်းနိုင်ရန် ကြိုးစားနေရသည်။

ယခုနှစ်တွင် နိုင်ငံသို့ ဝင်ရောက်လာသည့် ဒုက္ခသည်ပေါင်း ၈၀၀,၀၀၀ ခန့်ထိ ရှိမည်ဟု အစိုးရက ခန့်မန်းထားသည်။

Infratest dimap  အဖွဲ့၏ စစ်တမ်းတစ်ရပ်အရ  ဂျာမန်လူမျိုး ၆၁ ရာခိုင်နှုန်းသည်  ယခုကဲ့သို့ ဒုက္ခသည် ဦးရေများပြားမှုအပေါ် စိုးရိမ်မှုမရှိကြောင်း ဖြေဆိုခဲ့ကြပြီး ၃၈ ရာခိုင်နှုန်းက ယခုအခြေအနေအပေါ် ထိတ်လန့်နေကြောင်း ပြောကြားခဲ့ကြသည်။

Emnid က ပြုလုပ်သော စစ်တမ်းတစ်ရပ်တွင်မူ ဂျာမနီနိုင်ငံသား အများစုသည် ဝန်ကြီးချုပ် အန်ဂျယ်လာ မာကယ်လ်၏ ဒုက္ခသည်အရေး ကိုင်တွယ်နေမှုအပေါ် ကျေနပ်အားရမှု မရှိကြကြောင်းတွေ့ရှိရ သည်။

စက်တင်ဘာ ၁၀ ရက်၌  Elable အေဂျင်စီက ပြုလုပ်ခဲ့သည့် အလားတူစစ်တမ်းတစ်ခုအရ ပြင်သစ် နိုင်ငံသူနိုင်ငံသားများ၏ သဘောထားသည်လည်း ဆီးရီးယားကဲ့သို့ စစ်ဇုန်များမှ ဒုက္ခသည်များ ဝင်ရောက်လာနေမှုအပေါ် ထောက်ခံအားပေးမှုသိသိသာသာ မြင့်တက်လာကြောင်း တွေ့ရှိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly