ဒေးဗစ်ဒီဂီယာကို မန်ယူအသင်း စာချုပ်သစ် စတင်ဆွေးနွေး

ဒေးဗစ်ဒီဂီယာကို မန်ယူအသင်း စာချုပ်သစ် စတင်ဆွေးနွေး

စက်တင်ဘာ ၁၁၊ မန်ချက်စတာ ။      ။ မန်ယူအသင်းသည် ဂိုးသမားဒေးဗစ်ဒီဂီယာကို စာချုပ်သစ်အတွက်စတင်ဆွေးနွေးနေပြီဖြစ်သည်။ စပိန်လက်ရွေးစင် ဂိုးသမား၏လက်ရှိစာချုပ်မှာ ၂၀၁၆ တွင်ကုန်ဆုံး မည်ဖြစ်ပြီး မူလကယင်းအသက် ၂၄ နှစ်အရွယ်ဂိုးသမားကို စာချုပ်သစ်ချုပ်မည့် မန်ယူအသင်း၏မျှော်လင့်ချက်မှာ နည်းပါးခဲ့ရသည်။

သို့သော်လည်းအပြောင်းအရွှေ့နောက်ဆုံးရက်တွင် ရီးယဲလ်မက်ဒရစ်အသင်းနှင့်အပြောင်းအရွှေ့ကိစ္စပျက်ပြယ်ခဲ့ပြီးနောက် စာချုပ်သစ် အတွက်ဆွေးနွေးမှုစတင်ခဲ့ရာ ကြာသပတေးနေ့တွင် မန်ယူလေ့ကျင့်ရေးကွင်းသို့ ဒီဂီယာ၏အေးဂျင့် ဂျော့မန်ဒက်စ်လည်း ရောက်ရှိလာခဲ့ သည်။

ဒီဂီယာမှာအပြောင်းအရွှေ့ကိစ္စရှုပ်ထွေးနေသောကြောင့် လက်ရှိရာသီတွင်မန်ယူအသင်းအတွက် ပွဲထွက်ကစားခွင့်မရသေးသူဖြစ်သည်။ နည်းပြဗန်ဟားလ်သည် ယင်းအက်သလက်တီကို ဂိုးသမားဟောင်း ၏အနာဂါတ်မရေရာသေးချိန်တွင် ဈေးကွက်မပိတ်မချင်း ပွဲထွက်ကစားခွင့် မပေးဘဲထားခဲ့သည်။

နည်းပြနှင့်ဂိုးသမားအကြားဆက်ဆံရေးပျက်ယွင်းမှုကိုအလွယ်တကူပြန်ပြင်နိုင်မည်ဟု အသင်းအတွင်းပိုင်းမှလာသောသတင်းများကဖော်ပြခဲ့ သော်လည်း ဗန်ဟားလ်က ရာသီအဖွင့်ပွဲများတွင်ဒီဂီယာသည် အသင်းအတွက်ကစားပေးလိုခြင်းမရှိဟု လူသိရှင်ကြားထုတ်ဖော်ပြောဆိုခဲ့၍ ဒီဂီယာအတွက် အံ့သြသင့်စရာဖြစ်ခဲ့ရသည်။

ဒီဂီယာအနေဖြင့် စနေနေ့တွင် လီဗာပူးလ်နှင့်ကစားမည့်ပွဲ၌ ပါဝင်နိုင်မည်လားဆိုသည်ကိုမူ အတည်ပြုနိုင်ခြင်းမရှိသေးပေ။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly