အင်္ဂလန်၏ ဂိုးသွင်းစံချိန်ရှင်အဖြစ် ပြန်လာပြီဟု လီဗာပူးလ်ကို ရွန်နီ သတိပေး

အင်္ဂလန်၏ ဂိုးသွင်းစံချိန်ရှင်အဖြစ် ပြန်လာပြီဟု လီဗာပူးလ်ကို ရွန်နီ သတိပေး

မန်ယူအသင်း၏ တိုက်စစ်မှူး ဝိန်းရွန်နီက အင်္ဂလန်အသင်း၏ ဂိုးသွင်းစံချိန်ရှင်အဖြစ် ပြန်လာပြီ ဖြစ်ကြောင်း လီဗာပူးလ်အသင်းကို သတိပေး ပြောကြားလိုက်သည်။

ရွန်နီသည် ယခုနှစ်တွင် ပရီးမီးယားလိဂ်၌ ဂိုးသွင်းယူနိုင်ခြင်း မရှိသေးသော်လည်း ပြီးခဲ့သည့် ဆွစ်ဇာလန်နှင့် ကစားခဲ့သော ယူရိုခြေစစ်ပွဲစဉ်တွင် အင်္ဂလန်အသင်းအတွက် ဂိုး ၅၀ မြောက် သွင်းဂိုး ကို သွင်းယူကာ အင်္ဂလန်အသင်း၏ သမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် စံချိန် တင်ခဲ့သည်။

“အင်္ဂလန်ရဲ့ ဂိုးသွင်းအများဆုံး ကစားသမားဖြစ်လာတာက ကျွန်တော့်ကို တစ်ဆင့်မြင့်တက် သွားစေမှာ မဟုတ်ဘူးလို့ပြောရင် လိမ်ရာကျပါတယ်။ ကျွန်တော် ဒီလိုစွမ်းဆောင်နိုင်လို့ တကယ်ပျော် ပါတယ်။ ဒါပေမဲ့ အခုအချိန်မှာ မန်ချက်စတာကို ပြန်ပြီး လီဗာပူးလ်နဲ့ပွဲအတွက် အာရုံစိုက် ပြင်ဆင် တော့မှာပါ။ ပြီးခဲ့တဲ့ နှစ်ပွဲမှာ နှစ်ဂိုးသွင်းယူနိုင်ခဲ့တာက ကျွန်တော့်ရဲ့ဂိုးတွေ ဆက်လာမယ်ဆိုတဲ့ အဓိပ္ပာယ်ပါပဲ” ဟု ရွန်နီက ပြောသည်။

အင်္ဂလန်အသင်းအတွက် ဂိုး ၅၀ သွင်းယူပြီးနောက်တွင် ၎င်းထံသို့ မက်ဆေ့ပို့ပြီး ပထမဆုံး ဂုဏ်ပြုခဲ့သူမှာ ဘော်ဘီချာလ်တန်ဖြစ်ကြောင်း ရွန်နီက ဝန်ခံခဲ့ပြီး လက်ရှိအင်္ဂလန်အသင်းမှ လူငယ် ကစားသမားများဖြစ်သည့် ဟယ်ရီကိန်း၊ စတာလင်းနှင့် ဘာကလေတို့အားလည်း ၎င်း၏ စံချိန်ကို ချိုးဖျက်ကြရန် ရွန်နီက တိုက်တွန်း ပြောကြားသည်။

Ref : Sky Sport

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly