စစ်မှုထမ်းနေသော ကင်ဟွန်ဂျောင်က ပထမဆုံးရရှိသော ခွင့်ကို ပယ်ဖျက်ခဲ့

စစ်မှုထမ်းနေသော ကင်ဟွန်ဂျောင်က ပထမဆုံးရရှိသော ခွင့်ကို ပယ်ဖျက်ခဲ့

တောင်ကိုရီးယားအဆိုတော် သရုပ်ဆောင် ကင်ဟွန်ဂျောင်သည် စစ်မှုထမ်းနေစဉ် ကာလ အတွင်း စက်တင်ဘာလ အစောပိုင်းတွင် ရရှိသည့် ၎င်း၏ ပထမဆုံးခွင့်ကို ပယ်ဖျက်ခဲ့ကြောင်းပြည်တွင်းသတင်း ဌာနများက စက်တင်ဘာ ၉ ရက်၌ သတင်း ထုတ်ပြန်ခဲ့သည်။

ရည်းစားဟောင်းနှင့် တရားဥပဒေကြောင်းအရ အရှုပ်အရှင်းကိစ္စများ ရင်ဆိုင်နေရသည့် အသက် ၂၉ နှစ်အရွယ်ရှိ ကင်ဟွန်ဂျောင်သည် မေလက စစ်မှုထမ်း တာဝန်များကို ထမ်းဆောင်ခဲ့ ကြောင်းနှင့် ကင်သည် ခွင့်ကို မယူခဲ့သော်လည်း ခွင့်မယူသည့် အကြောင်းရင်းကို မသိရသေးကြောင်း ကင်၏ အေဂျင်စီ  Key East ၏ ပြောကြားချက်ကို ကိုးကား၍ သတင်းဌာနများက ပြောကြားသည်။

စက်တင်ဘာ ၂၃ ရက်တွင် တရားရုံး၌ တတိယအကြိမ် ကြားနာစစ်ဆေးမှု မတိုင်မီ ကင်သည် သိုသိုသိပ်သိပ် နေထိုင်ခြင်း ဖြစ်ကြောင်း ကင်၏ အသိမိတ်ဆွေက ပြောကြားသည်။

ကင်၏ ရည်းစားဟောင်းဖြစ်သူက ကင်သည် ၎င်းအား စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ကိုယ်ထိလက်ရောက် ကျူးလွန်မှုများအတွက် လျော်ကြေးငွေ ဝမ်ငွေ ၁ ဒသမ ၆ ဘီလျံ ( အမေရိကန်ဒေါ် လာ ၁ ဒသမ ၃၄ သန်း) ပေးရန် ဧပြီလက ကင်အား တရားစွဲဆိုခဲ့သည်။

ကင်ကလည်း ပြီးခဲ့သည့်နှစ်က ကျေအေးသောအားဖြင့် ဝမ်ငွေ သန်း ၆၀၀ လက်ခံရယူပြီး နောက် ၎င်းတို့နှစ်ဦး၏ အဖြစ်အပျက်များကို ဖုံးကွယ်ထားရန် လက်မှတ်ရေးထိုးထားသော စာချုပ်ကို ဖောက်ဖျက်မှု၊ အသရေဖျက်မှု၊ ခြိမ်းခြောက် ငွေညှစ်မှုနှင့် မတရား စွပ်စွဲမှုများအတွက် ဝမ်ငွေ ၁ ဒသမ ၂ ဘီလီယံ လျော်ကြေးငွေပေးရန် ရည်းစားဟောင်းကို တရားပြန်စွဲထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly