တစ်နိုင်ငံလုံး၏ အကျိုးစီးပွားကို စေတနာထား လုပ်ဆောင်ပေးမည်ဟု သူရ ဦးရွှေမန်း မဲဆွယ်

တစ်နိုင်ငံလုံး၏ အကျိုးစီးပွားကို စေတနာထား လုပ်ဆောင်ပေးမည်ဟု သူရ ဦးရွှေမန်း မဲဆွယ်
တစ်နိုင်ငံလုံး၏ အကျိုးစီးပွားကို စေတနာထား လုပ်ဆောင်ပေးမည်ဟု မဲဆွယ်နေသည့် ဗိုလ်ချုပ်ကြီးဟောင်း သူရဦးရွှေမန်း၏ လက်ကမ်းစာစောင်

ရန်ကုန်။ ။ စက်တင်ဘာ ၁၀ ပဲခူးတိုင်း ဖြူးမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်သူ့လွှတ်တော်အမတ်လောင်း သူရဦးရေမန်းက လာမည့်ငါးနှစ်အတွင်း ဖြူးမြို့နယ်ကို ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်ရန်နှင့် လျှပ်စစ်မီးရရတို့ကို စေတနာ၊ မေတ္တာ၊ သစ္စာ၊ သံယောဇဉ်တို့ဖြင့် ဆောင်ရွပေးသွားမည်ဟု အင်တာနက် လူမှုကွန်ယက်မှ တစ်ဆင့် မဲဆွယ်လျက်ရှိနေသည်။ ကူညီရိုင်းပင်းခြင်း၊ အတ္တ ပရ မျှတစွာ ဆောင်ရွက်ပေးခြင်းနှင့် ရပ်ရွာအကျိုး ဒေသအကျိုးနှင့် အများအကျိုး ဆောင်ရွက်ရန်ကို မြတ်နိုးသည်ဟု သူ၏ စိတ်နေ စိတ်ထားကို မဲဆွယ်စည်းရုံးမှု လက်ကမ်းစာစောင်တွင် ဖေါ်ပြထားသည်။ ဖြူးမြို့နယ်၏ အကျိုးစီးပွားသာမက တစ်နိုင်ငံလုံးဒ အကျိုးစီးပွားကို စေတနာထားပြီး တာဝန်ကျေပွန်အောင် ဆောင်ရွက်ပေးမည်ဟုလည်း ဆိုသည်။ တောင်သူလယ်သမားများ အခွင့်အရေးကို အကာအကွယ်ပေးမည်ဖြစ်ပြီး လယ်ယာကဏ္ဍ ဖွံ့ဖြိုးအောင်လည်း ဆောင်ရွက်ပေးမည်ဟု လက်ကမ်းစာစောင်တွင် ဖေါ်ပြထားသည်။ သူ့ကိုယ်သူ ဖြူးမြို့နယ် ဂုဏ်ဆောင် ဟုဆိုထားပြီး အမျိုးသား အကျိုးစီးပွားကိုသာ အစဉ်ရှေးရှု ဆောင်ရွမည်ဟု ဆိုထားပြီး ခေတ်မီသည့် ဒီမိုကရေစီ နိုင်ငံတော်တည်ဆောက်ရေးကို ကြိုးစားဆောင်ရွက်မည်ဟု ဗိုလ်ချုပ်ကြီးဟောင်းက ဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly