ရှမ်းပြည်နယ်အတွင်း၌ လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်စာရင်း ငြင်းပယ်ခံရသူ ၁၀ ဦးရှိ

ရှမ်းပြည်နယ်အတွင်း၌ လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်စာရင်း ငြင်းပယ်ခံရသူ ၁၀ ဦးရှိ

တောင်ကြီး၊ စက်တင်ဘာ ၁၀ ။           ။ ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲကြီး၌ ဝင်ရောက်ယှဉ် ပြိုင်ရန်အတွက် ရှမ်းပြည်နယ်အတွင်းမှ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းခဲ့သူပေါင်း ၈၇၇ ဦး အနက် ၁၀ဦးကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကိုယ်စားလှယ်အဖြစ်မှ ငြင်းပယ်ခဲ့သည်ဟု သိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်း ကြေညာချက်အား စက်တင်ဘာလ ၄ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ရာ “အကုန်လုံးကတော့ အတည်ပြုပြီး သွားပြီ ရှမ်းပြည်နယ်အတွင်း ကိုယ်စားလှယ်လောင်း ပယ်ချခံရသူ ၁၀ ဦး ဝန်းကျင်ရှိပါတယ်”ဟု ရှမ်းပြည်နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

လွှတ်တော်ကိုယ်စားလှယ်လောင်းများအဖြစ် အမည်စာရင်းမှ ငြင်းပယ်ခံရသူများမှာ နိုင်ငံသားမဟုတ် ခြင်း၊ သတ်မှတ်ထားသည့် အသက်မပြည့်မီခြင်း၊ အသုံးပြုမည့် LOGO တံဆိပ်မတင်ပြနိုင်ခြင်းနှင့် စိစစ်မှုခံယူ ခြင်းမရှိသောကြောင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ငြင်းပယ်ခံရခြင်းဖြစ်ကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်အတွင်း လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ငြင်းပယ်ခံရသူ ၁၀ ဦး

 ၁။  ဦးအိုက်ဝေါက်  မက်မန်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ၊ တစ်သီးပုဂ္ဂလ စိစစ်သည့်နေရက်အထိ အသုံးပြုမည့် LOGO တံဆိပ်တင်ပြနိုင်ခြင်းမရှိ)
 ၂။  ဦးအိုက်ဆမ်  မက်မန်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) ၊ တစ်သီးပုဂ္ဂလ စိစစ်သည့်နေရက်အထိ အသုံးပြုမည့် LOGO တံဆိပ်တင်ပြနိုင်ခြင်းမရှိ)
 ၃။  ဦးညီညီဇော်  အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ်(၁)၊ အင်းတိုင်းရင်းသား အဖွဲ့ချုပ်ပါတီ အမျိုးသားလွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၈၊ အပိုဒ်(က) ၁ အရ၊ အသက် ၃၀ နှစ် မပြည့်သေးသဖြင့်
 ၄။  ဦးခင်မောင်ဝင်း  မိုးနဲမြို့နယ် ပြည်သူ့လွှတ်တော်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေပုဒ်မ ၁၀ (င) နှင့် ကိုက်ညီမှုမရှိ
 ၅။  ဦးခွန်ကျော်ခမ်းထီ  ပင်လောင်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) ရှမ်းတိုင်းရင်းသားများ ဒီမိုကရက် တစ်ပါတီ ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၈ ၊ အပိုဒ်ခွဲ က (၁) အရ အသက် ၂၅ နှစ် မပြည့်သေးသဖြင့်
 ၆။  ဦးစိုင်းယီ  တာချီလိတ်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁)၊ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ ပါတီတစ်ခုတည်းမှ မဲဆန္ဒနယ်တစ်ခုတည်းတွင် နှစ်ဦးတင်သွင်း၍ ပါတီသဘောဆန္ဒအရ တစ်ဦးပယ်ဖျက်
 ၇။  ဦးခွန်မောင်ဌေး  ဟိုပုံးမြို့နယ် မဲဆန္ဒနယ်အမှတ် (၂)၊ ပြည်ထောင်စု ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်ပါတီ ကျန်းမာရေးနှင့် လူမှုရေးဆိုင်ရာ အခက်အခဲများကြောင့် စိစစ်မှုခံယူခြင်းမရှိသောကြောင့်
 ၈။  ဦးစိုင်းမျိုးမြင့်  မဘိမ်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁)၊ ရှမ်းတိုင်းရင်းသားများ ဒီၤမိုကရက်တစ်ပါတီ ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၈ ၊ အပိုဒ်ခွဲ က (၂) အရ
 ၉။  ဦးယဉ်မျိုး (ခ) ဦးရွှင်ကောင်း  အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ်(၁၀)၊ အမျိုးသား ဒီၤမိုကရေစီအဖွဲ့ချုပ်ပါတီ အမျိုးသားလွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၁၀၊ အပိုဒ်ခွဲ (င) အရ
 ၁၀။  ဦးစိုင်းကျော်ဝင်း  မိုင်းလားမြို့နယ် မဲဆန္ဒနယ် အမှတ်(၁)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၈ ၊ အပိုဒ်ခွဲ က (၁) အရ အသက် ၂၅ နှစ် မပြည့်သေး သဖြင့်

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly