ဆီးရီးယားတွင် ရုရှစစ်ရေးအရပါဝင်ပတ်သက်နေခြင်းအား အမေရိကန်နှင့် နေတိုးစိုးရိမ်

ဆီးရီးယားတွင် ရုရှစစ်ရေးအရပါဝင်ပတ်သက်နေခြင်းအား အမေရိကန်နှင့် နေတိုးစိုးရိမ်

ဆီးရီးယားတွင် ရုရှနိုင်ငံ၏ စစ်ရေးအရတည်ရှိခြင်းကို တိုးမြှင့်နေခြင်းနှင့် ပတ်သက်ပြီး အမေရိကန်နှင့် နေတိုးအဖွဲ့က စိုးရိမ်လျက်ရှိကြောင်း့ပြသသည်။

ထိုကဲ့သို့သာ အတည်ဖြစ်လျှင် ဆီးရီးယားတွင် ဖြစ်ပွားနေသည့် ပဋိပက္ခများနှင့် ပတ်သက်ကာ ရုရှပါဝင်လာမှုသည် ဖြေရှင်းနိုင်ရေးကို အထောက်အကူဖြစ်စေမည်မဟုတ်ကြောင်း နေတိုးအကြီးအကဲ ဂျင်းစတောတန်ဘတ်က ပြောသည်။

သီးခြားအနေဖြင့်လည်း စက်တင်ဘာ ၉ ရက်က အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ရုရှနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလဗ်ရော့ဗ်နှင့် ဖုန်းပြောဆိုမှုတွင် ၎င်း၏ စိုးရိမ်မှုကို ဖွင့်ပြောခဲ့သည်။

ရုရှနိုင်ငံသည် ပြည်တွင်းစစ်လေးနှစ်တာအတွင်း အဓိကမဟာမိတ်ဖြစ်ခဲ့သည့် ဆီးရီးယားနိုင်ငံသို့ စစ်ပညာရှင်များ စေလွှတ်ထားကြောင်းသာ ပြောသည်။

ရုရှကျောထောက်နောက်ခံမရှိလျှင် ဆီးရီးယားသမ္မတ ဘာရှာအာဆတ် ပြုတ်ကျသွားနိုင်ခြေရှိကြောင်း သတင်းထောက်များက ပြောသည်။

အမည်မဖော်သည့် အမေရိကန်အရာရှိတစ်ဦးက ရုရှနိုင်ငံသည် ဆီးရီးယားကမ်းခြေမြို့ တာတက်စ်ရှိ ရုရှရေတပ်အခြေစိုက်စခန်းသို့ စစ်လေယာဉ်တစ်စင်းနှင့် တင့်ကားနှစ်စီးကို ပို့ဆောင်ခဲ့ကြောင်းပြောပြီး ရေတပ်တပ်ဖွဲ့အစုတစ်စုကိုလည်း တပ်ဖြန့်ချထားကြောင်းပြောသည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly