အမေရိကန်လေဆိပ်တွင် လန်ဒန်သို့ ပျံသန်းမည့် ခရီးသည်တင်လေယာဉ်တစ်စီး မီလောင်မှုဖြစ်၊ လူ ၂၀၀ နီးပါးကို ဘေးလွတ်ရာသို့ ကယ်ထုတ်ရ

အမေရိကန်လေဆိပ်တွင် လန်ဒန်သို့ ပျံသန်းမည့် ခရီးသည်တင်လေယာဉ်တစ်စီး မီလောင်မှုဖြစ်၊ လူ ၂၀၀ နီးပါးကို ဘေးလွတ်ရာသို့ ကယ်ထုတ်ရ

အမေရိကန်နိုင်ငံ လက်ဗီဂက်စ်လေဆိပ်မှ လန်ဒန်သို့ ပျံသန်းမည့် ဗြိတိန်လေကြောင်းလိုင်းမှ ခရီးသည်တင်လေယာဉ်တစ်စင်း မီးလောင်မှုဖြစ်ပွား၍ အရေးပေါ်ဆင်းသက်ခဲ့ရကာ လူပေါင်း ၁၇၂ ဦးအား လွတ်ရာသို့ ကယ်တင်ခဲ့ရသည်။

လေယာဉ်မီးလောင်မှုတွင် ထိခိုက်ဒဏ်ရာရသူ ၁၄ ဦးရှိခဲ့ပြီး ဆေးရုံတင်ပို့ထားကြောင်း လေဆိပ်တာဝန်ရှိသူများက ပြောသည်။

Boeing 777-200 လေယာဉ်သည် မပျံတက်မီ ဘယ်ဖက်အင်ဂျင်မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်လေကြောင်းစီမံခန့်ခွဲရေးမှ ပြောရေးဆိုခွင့်ရှိသူ အန်ဂရီဂေါက ပြောသည်။

လေယာဉ်တွင် မီးတောက်များလောင်ကျွမ်းနေကာ လေယာဉ်တစ်ခုလုံးလည်း မီးခိုးများ ဖုံးလွှမ်းသွားသည်။

လေယာဉ်မှာ မပျံတက်မီအချိန်လေးတွင် ယခုကဲ့သို့ မီးလောင်မှုဖြစ်ပွားခြင်းကြောင့် လေယာဉ်မှူးဖြစ်သူက လေဆိပ်အရေးပေါ်ဝန်ဆောင်မှုဆီသို့ လေယာဉ်မီးအန္တရာယ်ကြုံနေကြောင်းကို လှမ်းအကြောင်း ကြားခဲ့ခြင်းဖြစ်သည်။

အရေးပေါ်သို့ ထိုသို့ အကြောင်းကြားပြီးနောက် လေယာဉ်မှူးက လေယာဉ် အင်ဂျင်တွင် မီးချို့ယွင်းမှုဖြစ်ကြောင်း ခရီးသည်များကို အသိပေးလိုက်ခြင်းဖြစ်သည်။

လန်ဒန်ရှိ ဂတ်ဝစ်လေဆိပ်သို့ ဦးတည်ပျံသန်းမည့် ယင်း Flight 2276 လေယာဉ်တွင် ခရီးသည် ၁၅၉ ဦးနှင့် လေယာဉ်အမှူးထမ်း ၁၃ ဦးလိုက်ပါခဲ့ခြင်းဖြစ်သည်။

"ကျွန်တော်တို့ လေယာဉ်ပြတင်းပေါက်ကနေ လှမ်းကြည့်တော့ လေယာဉ်တောင်ပံနား မီးခိုးတွေကို အူထွက်နေတာကို မြင်ရပါတယ်။ မီးခိုးညှော်နံ့တောင်ရတယ်။ ရာဘာမီးရှို့ရာက ထွက်တဲ့အနံ့မျိုးကို ရတာပါ။ တကယ်ကို စိတ်ခြောက်ခြား တုန်လှုပ်သွားတဲ့ အချိန်ပါပဲ။"ဟု ခရီးသည်တစ်ဦးက ပြောသည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly