ပါကစ္စတန်နိုင်ငံ ကရာချိမြို့တွင် ၂၄ နာရီအတွင်း ဂျာနယ်လစ်နှစ်ယောက် အသတ်ခံခဲ့ရ

ပါကစ္စတန်နိုင်ငံ ကရာချိမြို့တွင် ၂၄ နာရီအတွင်း ဂျာနယ်လစ်နှစ်ယောက် အသတ်ခံခဲ့ရ
ဓာတ်ပုံ - ဒေးလီးဆန်းဒေါ့ကွန်

ပါကစ္စတန်နိုင်ငံ၏ အကြမ်းဖက်မှု ပြွမ်းတီးသော ဆိပ်ကမ်းမြို့ ကရာချိတွင် လွန်ခဲ့သည့် ၂၄ နာရီအတွင်း သီးခြားတိုက်ခိုက်မှုနှစ်ခုတွင် သေနတ်သမားများက ဂျာနယ်လစ်နှစ်ဦးကို အသေပစ် သတ်ခဲ့သည်ဟု ပါကစ္စတန်ရဲတပ်ဖွဲ့က ပြောကြားသည်။

အင်္ဂါနေ့ညက ဖြစ်ပွားခဲ့သည့် ပထမတိုက်ခိုက်မှုတွင် သေနတ်သမားများက ပုဂ္ဂလိက ဂြိုဟ်တု သတင်းချဲနယ် Geo TV ပိုင် ဗန်ကားကို ပစ်ခတ်ရာ နည်းပညာရှင်တစ်ဦး အသတ်ခံရပြီး ယာဉ်မောင်း လည်း ဒဏ်ရာရရှိသွားခဲ့သည်။

ဒုတိယတိုက်ခိုက်မှုမှာ ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ရဲတပ်ဖွဲ့ လက်ထောက်စစ်ဆေးရေးမှူးချုပ် ဖီးရော့ဇ်ရှား၏ ပြောကြားချက်အရ ဂျာနယ်လစ် အက်ဖ်တက် အလမ်မှာ ၎င်း၏ နေအိမ် အပြင်ဘက်တွင် မတ်တပ်ရပ်နေစဉ် မော်တော်ဆိုင်ကယ်ပေါ်မှ သေနတ် သမားများက ပစ်သတ်သွားခဲ့သည်ဟု ဆိုသည်။ အလမ်မှာ ယခင်က Geo TV နှင့် အလုပ်လုပ်ခဲ့သည်။

တိုက်ခိုက်မှု နှစ်ခုစလုံးမှာ ဂျာနယ်လစ်များ ပါဝင်ပတ်သက်နေသည့် ကိစ္စတစ်ခုနှင့် ဆက်နွယ် နေသည်လား ဆိုသည်မှာမူ ကွဲကွဲပြားပြား မသိရသေးပေ။ သို့ရာတွင် Geo TV ကိုမူ ပါကစ္စတန်၏ သြဇာကြီးမားသော Inter-Service Intelligence ထောက်လှမ်းရေး အေဂျင်စီနှင့် အချင်းများခဲ့မှု ကြောင့် မကြာသေးမီက ပိတ်ပင်ထားခဲ့သည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly