ဧရာဝတီမြစ်ရေ ညောင်ဦးမြို့၏ စိုးရိမ်အမှတ်အထက် ကျော်လွန်နေ

ဧရာဝတီမြစ်ရေ ညောင်ဦးမြို့၏ စိုးရိမ်အမှတ်အထက် ကျော်လွန်နေ

ရန်ကုန် စက်တင်ဘာ ၉ ။             ။ မန္တလေးတိုင်း ညောင်ဦးမြို့တွင် ဧရာဝတီမြစ်ရေ မြင့်တက်လျက်ရှိပြီး စက်တင်ဘာ ၈ ရက်နေ့ က စိုးရိမ်ရေမှတ်အထက် ၁ ပေခွဲခန့်ကျော်လွန်နေသည်။

နောက် ၂ ရက်အတွင်း စိုးရိမ်ရေမှတ်အထက် ၁ ပေခွဲခန့် ထပ်တက်လာနိုင်ပြီး ယင်းမြို့၏ စိုးရိမ်ရေအမှတ်အထက် ဆက်လက်တည်ရှိနိုင်သည်ဟုဆိုသည်။

ပခုက္ကူမြို့၌လည်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ရောက်ရှိလာနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၏ မှတ်တမ်းများအရသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly