NEWS FLASH:  မင်းဘူးမြို့အနီး တပ်မတော်တိုက်လေယာဉ် ပျက်ကျ

YOPE ရုပ်/သံ Mizzima English

ပရိသတ်ကြီးကို ဟာဒယရွှင်ဆေးတိုက်ကျွေးချင်သေးတယ်ဆိုတဲ့ မန်းဝင်း

.

ရန်ကုန်   အောက်တိုဘာ  ၁၃ ။            ။ ကျန်းမာရေးအခြေအနေကြောင့် ရုပ်ရှင်နဲ့ဗီဒီယိုလောကကနေ အချိန်အတော်ကြာ အနားယူနေရတဲ့ ဟာသ သရုပ်ဆောင်ဦးမန်းဝင်းက အနုပညာအလုပ်တွေ ပြန်လည်လုပ်ကိုင်ချင်နေပြီး ပရိသတ်တွေကို ဟာဒယရွှင်ဆေး တွေလည်း တိုက်ကျွေးချင်ပါသေးတယ်လို့ မဇ္စျိမကို ပြောပါတယ်။

" ပရိသတ်ကြီးခင်ဗျား ကျွန်တော် မန်းဝင်း မသေသေးပါဘူးလို့။ ပရိသတ်ကြီးကိုလည်းချစ်ပါတယ်။ ပရိ သတ်ကြီးကိုလည်း ဟာဒယရွှင်ဆေးတွေလည်း တိုက်ကျွေးချင်ပါသေးတယ်။ ကျွန်တော့်မျက်စိကတော့ ၂ ဘက်လုံး မမြင်တော့ပါဘူး။ ကျောက်ကပ်က ၂ ရက် တစ်ခါဆေးနေရပါတယ်။ ကျွန်တော် ၁ လကို ၁၀ သိန်း လောက်ကုန်ပါတယ်။ ကျွန်တော်အသက်မသေသေးတာ ကျွန်တော့်ကို ထောက်ပံ့နေတဲ့ ကျေးဇူးရှင်တွေကြောင့် ပါ။" လို့ ဟာသသရုပ်ဆောင် ဦးမန်းဝင်းက ပြောပါတယ်။

ရန်ကုန်မြို့၊ နှင်းဆီကုန်းဘိုးဘွားရိပ်သာမှာ အောက်တိုဘာလ ၁၃ ရက်နေ့၊ နံနက်ပိုင်းက ပြုလုပ်ခဲ့တဲ့  ၉၈ ကြိမ် မြောက် မြန်မာ့ရုပ်ရှင်နေ့နဲ့ ၅၅ ကြိမ်မြောက် ရုပ်ရှင်သက်ကြီးပူဇော်ပွဲအခမ်းအနားအပြီးမှာ ဟာသသရုပ်ဆောင် ဦးမန်းဝင်းက ပြောကြားခဲ့တာဖြစ်ပါတယ်။

ဟာသသရုပ်ဆောင် ဦးမန်းဝင်းဟာ မြန်မာ့ရုပ်ရှင်နဲ့ဗီဒီယိုလောမှာ အထူးထင်ရှားခဲ့သူတစ်ဦးဖြစ်ပြီး လတ်တ လောမှာ ကျောက်ကပ်ရောဂါ ခံစားနေရသူဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ကျောက်ကပ်ရောဂါနဲ့ ကွယ်လွန်ခဲ့ပြီဆိုတဲ့ ကောလာဟလသတင်းတွေလည်း လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့ခဲ့သလို မန်းဝင်းကိုယ်တိုင်က လည်း လူမှုကွန်ရက်စာမျက်နှာကတစ်ဆင့် မဟုတ်မှန်ကြောင်း ပြန်လည်ဖြေရှင်းခဲ့ရပါတယ်။

ကျန်းမာရေးအနေအထားကြောင့် သရုပ်ဆောင်အလုပ်ကို ရပ်နားထားရတဲ့အတွက် ၀င်ငွေမရှိတွှဲအချိန်မှာ ရုပ်ရှင်သက်ကြီးပူဇော်ပွဲဟာ ထီပေါက်သလိုပဲလို့ ဟာသသရုပ်ဆောင် ဦးမန်းဝင်းက ဆက်ပြောပါတယ်။

" သက်ကြီးပူဇော်ပွဲဆိုတာ ထီလေးပေါက်သလိုပါပဲ။ ၀င်ငွေကလည်း တစ်ပြားမှ မရှိတဲ့အချိန်၊ ငွေလိုအပ်နေတဲ့ အချိန်မှာ သက်ကြီးပူဇော်ပွဲအတွက် ကန်တော့လိုက်တဲ့ပိုက်ဆံဟာ ထီသေးသေးလေးပေါက်လိုက်သလိုပဲ ခံ စားရပါတယ်။" လို့ ဟာသသရုပ်ဆောင် ဦးမန်းဝင်းက ပြောပါတယ်။

ဟာသသရုပ်ဆောင် ဦးမန်းဝင်းဟာ အသက်က (၇၅) နှစ်ရှိပြီဖြစ်ကာ ဆီးချိုရောဂါကို (၂၂) နှစ်လောက်ခံစားခဲ့ ရပါတယ်။ အဲဒီနောက် လက်ရှိအနေအထားမှာ မျက်လုံးသွေးကြော ပေါက်သွားတဲ့အတွက် အမြင်အာရုံဆုံးရှုံး နေရပြီလည်း ဖြစ်ပါတယ်။