NEWS FLASH:  မင်းဘူးမြို့အနီး တပ်မတော်တိုက်လေယာဉ် ပျက်ကျ

YOPE ရုပ်/သံ Mizzima English

ဆွီဒင် Idol ရဲ့ လာမဲ့အပတ်မှာ Duet ၀င်ပြိုင်မဲ့ ကီစိုး

.

ဓာတ်ပုံ-ဆွီဒင် Idol

အောက်တိုဘာ ၁၃ ။             ။ ကရင်ဝတ်စုံဝတ်ပြီး ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ စောကီစိုးအနေနဲ့ ဆွီဒင် Idol ရဲ့ နောက်လာမဲ့အပတ် သောကြာနေ့မှာ Duet အဆို ပါဝင်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

“ ဘယ်သူတွေ စုံတွဲသီဆိုပြိုင်ကြမလဲ” ဆိုပြီး အောက်တိုဘာလ ၁၃ ရက်က မေးခွန်းထုတ်ထားပြီး စောကီစိုး အပါအ၀င် Duet ဆိုဖို့ ၁၀ ယောက်ရှိပြီး ၂၀၁၈ ဆွီဒင် Idol ရဲ့ ဆယ်ငါးကြိမ်မြောက်ရာသီပွဲစဉ်မှာ ယှဉ်ပြိုင် ရမှာပါ။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၂ ရက်ကလည်း စောကီစိုးက Christina Perry ရဲ့ A Thousand Years သီချင်းနဲ့ ဒိုင်တွေရဲ့ ချီးကျုးမှုကို ရရှိခဲ့ပါသေးတယ်။

ကီစိုးက သူ့ကို SMS ကနေ Vote ဖို့  မမေ့ဖို့  Ki to 72400 or call 09941403 သို့ ပေးပို့နိုင်တာကို ဆိုရှယ်မီဒီယာ မှာ တင်ထားခဲ့ပါသေးတယ်။

ဆွီဒင် Idol ကို ၂၀၀၄ ခုနှစ်က စတင်ခဲ့ပြီး Talent နဲ့ Reality ကို ထုတ်ဖော်ပြသရတဲ့ TV အစီအစဉ် ဖြစ်ပါတယ်။