အာဆင်နယ် နောက်ခံလူ မာတီဆက်ကာ လေ့ကျင့်ခန်းအပြည့်အဝပြန်ဆင်းနိုင်ပြီ

အာဆင်နယ် နောက်ခံလူ မာတီဆက်ကာ လေ့ကျင့်ခန်းအပြည့်အဝပြန်ဆင်းနိုင်ပြီ

စက်တင်ဘာ ၉၊ လန်ဒန် ။       ။ အာဆင်နယ်နောက်ခံလူ မာတီဆက်ကာသည် လေ့ကျင့်ခန်းအပြည့်အဝပြန်လည်ပြုလုပ်နိုင်ပြီဖြစ်ပြီး စတုခ်စီးတီးနှင့်ပွဲတွင် ပါဝင်ကစားရန် အာရုံစိုက်နေသည်။

အဖျားရောဂါကြောင့် နောက်ဆုံးပွဲစဉ်နှစ်ပွဲကိုလွဲခဲ့သည့် မာတီဆက်ကာမှာ စနေနေ့တွင်ကစားမည့်ပွဲ၌ ပြန်လည်ပါဝင်လာမည်ဟု မျှော်လင့်ရ သည်။

မာတီဆက်ကာ မပါဝင်နိုင်စဉ်အတွင်း အာဆင်နယ်အသင်းဂိုးမပေးထားရသော်လည်း နည်းပြအာစင်ဝင်းဂါးအနေဖြင့် ဗဟိုနောက်ခံနေရာတွင် မာတီဆက်ကာကို ထည့်သွင်းဖွယ်ရှိနေခြင်းဖြစ်သည်။ ကိုစီရယ်နီသည်လည်း ပြင်သစ်အသင်းနှင့်နိုင်ငံတကာပွဲမှ အထိခိုက်မရှိဘဲပြန်လာနိုင်ခဲ့ သည်။

အာဆင်နယ်သည် ဒုတိယအသင်းခေါင်းဆောင် မာတီဆက်ကာမပါနိုင်စဉ်အတွင်း လီဗာပူးလ်နှင့်ဂိုးမရှိသရေကျခဲ့ပြီး နယူးကာဆယ်ကို ၁-၀ ဂိုးဖြင့်အနိုင်ရခဲ့သည်။

အာစင်ဝင်းဂါး၏ အာဆင်နယ်အသင်းမှာ လာမည့်တစ်ပတ်တွင် ဒိုင်နမိုဇာဂရက်နှင့် အဝေးကွင်း၌ ချန်ပီယံလိဂ်ပွဲ စတင်ကစားရမည်ဖြစ်သည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly