NEWS FLASH:  မင်းဘူးမြို့အနီး တပ်မတော်တိုက်လေယာဉ် ပျက်ကျ

YOPE ရုပ်/သံ Mizzima English

နေအိမ်အတွင်း မူးယစ်ဆေးဝါးနှင့် လေသေနတ်တစ်လက် ဖမ်းမိ

.

မုံရွာ၊ အောက်တိုဘာ ၁၂ ။        ။ စစ်ကိုင်းတိုင်းဒေသကြီး ၊ မုံရွာမြို့ ၊ အိုဘိုတောင်ရပ်ကွက်၊ ပိတောက်ဝါလမ်း၊ လမ်းသွယ်(၁၀)ရှိနေအိမ်တစ်ခု အတွင်း အောက်တိုဘာ ၁၂ နေ့တွင် လေသေနတ်(၁)လတ်နှင့်အတူ မူးယစ်ဆေးဝါးများနှင့် ငွေကြေးများကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ယင်းနေအိမ်သို့ တိုင်းတန်းမှုသတင်းအရ တိုင်းမှုခင်းအကူဌာနစုမှ ရဲတပ်ဖွဲ့များ၊ မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ရှာဖွေဝရမ်းဖြင့်ဝင်ရောက်ရှာဖွေစဉ် ထိုသို့ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

"သူတို့ ဆေးပြားချနေတဲ့ အချိန်ဝင်မိတာ။ အနောက်တောင်လှည့်မကြည့်နိုင်ဘူး။ အရှေ့ကိုမဲပြီး ဆေးသုံး နေတာ ရဲလာတာတောင် မသိဘူး။ အခုလို ဖမ်းမိတာက သတင်းပေးတိုင်ကြားမှုကြောင့် ဖမ်းဆီးရမိတာပါ"ဟု ဖမ်းဆီးရေးတွင် ပါဝင်ခဲ့သည့် ရဲတပ်ဖွဲ့ဝင်တစ်ဦးက မဇ္ဇျိမသို့ ပြောသည်။

နေအိမ်အတွင်းသို့ တာဝန်ရှိသူများ ဝင်ရောက်ရှာဖွေစဉ် နေရာအနှံမှ စိတ်ကြွရူးသွပ်ဆေး 88 စာတန်းပါ ရာမဆေးပြား ၃၄၇ ပြား၊ ဘိန်းဖြူ ၄.၁ ဂရမ်၊ ဘိန်းမဲ ၁ ထုပ် စုစုပေါင်း မူးယစ်ဆေးဝါးတန်ဖိုး သိန်း (၄၀)ကျော် ၊လေသေနတ် (၁)လတ်၊လေသေနတ်ကျည်ဘူး ၁ ဘူး၊ မူးယစ်ဆေးဝါးရောင်းချရရှိငွေဟု ယူဆရသော ငွေကျပ် (၁၈)သိန်းတို့အားသိမ်းဆည်းရမိပြီး မူးယစ်တရားခံ (၃)ဦးအား ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

အဆိုပါ နေအိမ်အတွင်းမှ မူးယစ်ဆေးဝါး လက်ဝယ်ဖမ်းဆီးရမိသူ (၃)ဦးအား မုံရွာမြို့မရဲစခန်းတွင် မယ(ပ) ၁၂/၂၀၁၈ မူးစိတ်ပုဒ်မ ၁၉(က)၂၀(က)၊၂၁၊၂၂(ခ) တို့ဖြင့် အမှုရေးဖွင့်ထားကြောင်း သိရသည်။