NEWS FLASH:  မင်းဘူးမြို့အနီး တပ်မတော်တိုက်လေယာဉ် ပျက်ကျ

YOPE ရုပ်/သံ Mizzima English

ရန်ကုန် မြောက်ဥက္ကလာတွင် MINGALAR CINEMAS ရုပ်ရှင်ရုံသစ် ဖွင့်လှစ်ပြသ

.

ရန်ကုန်၊ အောက်တိုဘာ   ၁၂ ။           ။ ရုပ်ရှင်ကြည့်ဖို့အတွက် မြို့ထဲအထိ ကားအဆင့်ဆင့်စီးပြီး လာကြရတဲ့ မြောက်ဥက္ကလာမြို့နယ်က ပြည်သူတွေ အတွက် MINGALAR CINEMAS ရုပ်ရှင်ရုံသစ်ကို အောက်တိုဘာ ၁၁ ရက်နေ့က စတင်ဖွင့်လှစ်လိုက်ပြီ ဖြစ်ပါ တယ်။

လက်ရှိမှာတော့ မြန်မာ့ရုပ်ရှင်ကို ပရိသတ်တွေက ပြန်လည်အားပေးလာကြသလို စိတ်ဝင်စားကြည့်ရှုမှုတွေ ရှိလာပေမယ့်လည်း ရုပ်ရှင်တွေပြသနိုင်ဖို့အတွက်ရုပ်ရှင်ရုံတွေကတော့ လိုအပ်နေပါတယ်။ ဒါ့အပြင် အချို့ မြို့နယ်တွေမှာ ရုပ်ရှင်ရုံမရှိတဲ့အတွက် မြန်မာ့ရုပ်ရှင်ကို အားပေးနိုင်ဖို့ အခက်အခဲတွေလည်း ရှိနေပါတယ်။

အထူးသဖြင့် ရန်ကုန်မြို့မှာဆိုရင် မြောက်ဥက္ကလာမှာ နေထိုင်သူတွေဟာ ရုပ်ရှင်ကြည့်အပန်းဖြေနိုင်ဖို့ အတွက် ကား အဆင့်ဆင့်စီးပြီး မြို့ထဲအထိသွားရောက်ရတာတွေလည်းရှိနေပါတယ်။ ဒီအခက်အခဲကို ပြေလည်ဖို့ အတွက်သုဓမ္မာလမ်း၊ မြောက်ဥက္ကလာအ၀ိုင်းအနီးမှာ MINGALAR CINEMAS ကို အောက်တိုဘာ ၁၁ ရက်နေ့ ညပိုင်းက စတင်ဖွင့်လှစ်လိုက်ခြင်း ဖြစ်ပါတယ်။

" ကျွန်တော်တို့ ဒီနေရာကို ရွေးချယ်ရတာကတော့ မြောက်ဥက္ကလာ ဒီနယ်မြေမှာ ရုပ်ရုင်ရုံမရှိပါဘူး။ ကြည့် ရမယ့်ပရိသတ်က နိုင်ငံခြားကားပဲဖြစ်ဖြစ်၊ မြန်မာကားပဲဖြစ်ဖြစ်ကြည့်ချင်ရင် မြို့ထဲအထိ သွားနေရတယ်။ အဲဒီတော့ မြို့ထဲကိုလာရမယ့်အတူတူ ပရိတ်သတ်တွေ သက်တောင့်သက်သာနဲ့ ကြည့်ရှုနိုင်အောင် ကျွန်တော် တို့က ဒီနေရာလေးကို ရွေးချယ်တည်ဆောက်ဖြစ်တာပါ။" လို့ MINGALAR CINEMAS မန်နေဂျာဖြစ်သူ ဦးစောလွင် က ပြောပါတယ်။

အဆိုပါရုပ်ရှင်ရုံမှာ ခုံ ၂၆၀ ပါဝင်တဲ့ CINEMAS 1 နဲ့ ၂၈၅ ခုံပါဝင်တဲ့ CINEMAS 2 ဆိုတဲ့ ရုပ်ရှင်ရုံ ၂ ရုံပါဝင်ပြီး စုစုပေါင်း ၅၄၅ ဦးအထိ ကြည့်ရှုနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ကြည့်ရှုသူတွေရဲ့ဘေးအန္တရာယ် လုံခြုံရေးအတွက်လည်း အထူးဆောင်ရွက်ထားပြီး ရုပ်ရှင်ပြသနေစဉ် ဖုန်းကင်မရာနဲ့ခိုးရိုက်တာတွေ မရှိရ အောင်လည်း အထူးတင်းကြပ်ထားတယ်လို့ သိရတယ်။

" ဖုန်းနဲ့ခိုးရိုက်တာတွေမရှိအောင် ကျွန်တော်တို့လုံခြုံရေးတွေက အထုးစောင့်ကြည့်နေကြပါတယ်။ ရုပ်ရှင် မပြခင်မှာလည်း စာတန်းထိုးပါတယ်။ ဒီဇာတ်ကားကိုလက်ကိုင်ဖုန်းကင်မရာအဖြစ်သော်လည်းကောင်း၊ ကင်မရာအဖြစ်သော်လည်းကောင်း ရိုက်ကူးရင် တရားဥပဒေအရအရေးယူသွားမယ်ဆိုတာလည်း သတိ ပေးစာတမ်းတွေ ထိုးထားပါတယ်။" လို့ MINGALAR CINEMAS မန်နေဂျာဖြစ်သူ ဦးစောလွင် က ပြောပါတယ်။

ရန်ကုန်မြို့၊ မြောက်ဥက္ကလာမှာ အသစ်ဖွင့်လှစ်လိုက်တဲ့ MINGALAR CINEMAS ရုပ်ရှင်ရုံဟာ MINGALAR ကုမ္ပဏီရဲ့ ၂၅ ရုံမြောက်ရုပ်ရှင်ရုံဖြစ်ပြီး အောက်တိုဘာ ၁၂ ရက်နေ့က စတင်ပြီး တစ်နေ့ကို ၅ ပွဲ ပြသ ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။