၁၄ နှစ်ကျော်တွင် ပထမဆုံးအဝေးဂိုးရခဲ့၍ ဆမ်မာရီနိုအသင်းသားများအောင်ပွဲခံ

၁၄ နှစ်ကျော်တွင် ပထမဆုံးအဝေးဂိုးရခဲ့၍ ဆမ်မာရီနိုအသင်းသားများအောင်ပွဲခံ

ဆမ်မာရီနို၊ သြဂုတ် ၉ ။          ။ လစ်သူယေးနီးယားအသင်းအား ၂-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့် ယူရို ၂၀၁၆ ခြေစစ်ပွဲစဉ်တွင် ၁၄ နှစ်ကျော်၌ ပထမဆုံးအဝေးဂိုး သွင်းယူနိုင်ခဲ့သည့်အတွက် ဆမ်မာရီနိုအသင်းသားများမှာ ကွင်းအတွင်း အလွန်အကျွံ အောင်ပွဲခံခဲ့ကြသည်။

ထိုပွဲစဉ်တွင် လစ်သူယေးနီးယားအသင်းက ပွဲချိန် ၇ မိနစ်မှာပင် အဖွင့်ဂိုးသွင်းယူနိုင်ခဲ့ပြီး ဆမ်မာရီနိုကစားသမား ဗစ်တာအိုလီက ၅၅ မိနစ်တွင် ချေပဂိုး ပြန်လည်သွင်းယူပေးခဲ့သည်။ ထိုဂိုးမှာ ၂၀၀၁ ခုနှစ်က လတ်ဗီးယားကွင်းတွင် ၁-၁ သရေကျခဲ့သည့်ပွဲ၌ သွင်းယူခဲ့သည့်ဂိုးနောက်ပိုင်း ပထမဆုံး အဝေးဂိုးဖြစ်သည့်အတွက် ဆမ်မာရီနိုအသင်း၏ ကစားသမားများ၊ နည်းပြများမှာ ဂိုးသွင်းသူ ဗစ်တာအိုလီပေါ်ကို ဝိုင်းဖိပြီး အောင်ပွဲခံခဲ့ကြသည်။

ထိုပွဲစဉ်တွင် နှစ်ဖက်အသင်းမှ တစ်ဦးစီထုတ်ပယ်ခံခဲ့ရပြီး သရေကျလုနီးပါး ဖြစ်ခဲ့သော်လည်း မိနစ် ၉၀ တွင် လစ်သူယေးနီးယားအသင်းက အနိုင်ဂိုးသွင်းယူသွားခဲ့သည်။

ဗစ်တာအိုလီသွင်းယူခဲ့သည့် ယခုဂိုးမှာ ယူရိုခြေစစ်ပွဲ ရှစ်ပွဲကစားပြီးချိန်တွင် ဆမ်မာရီနိုအသင်း ပထမဆုံးသွင်းယူသော ဂိုးလည်း ဖြစ်သည်။ ယခုအချိန်တွင် ဆမ်မာရီနိုအသင်းမှာ ရှစ်ပွဲကစား၊ တစ်ပွဲသရေ၊ ခုနှစ်ပွဲရှုံး၊ ရဂိုးတစ်ဂိုး၊ ပေးဂိုး ၂၇ ဂိုး၊ ရမှတ် တစ်မှတ်ဖြင့် အုပ်စု(E) တွင် အောက်ဆုံး၌ ရပ်တည်လျက်ရှိသည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly