NEWS FLASH:  မင်းဘူးမြို့အနီး တပ်မတော်တိုက်လေယာဉ် ပျက်ကျ

YOPE ရုပ်/သံ Mizzima English

တိတ်တခိုးအချစ်တွေနဲ့ ချစ်သောနှင်းဆီ တေးစီးရီး မိတ်ဆက်

.

ရန်ကုန် အောက်တိုဘာ ၁၂ ။                ။ တိတ်တခိုးချစ်နေရတဲ့အကြောင်းလေးတွေပါဝင်တဲ့ ချစ်သောနှင်းဆီလို့ အမည်ပေးထားတဲ့ တေးစီးရီးသစ်ကို တေးသံရှင် U U Nay Zaw က စတင် မိတ်ဆက်လိုက်ပါတယ်။

ရန်ကုန်မြို့၊ Orchid ဟိုတယ်မှာ အောက်တိုဘာလ ၈ ရက် နေ့၊ နေ့လယ်ပိုင်းက စာနယ်ဇင်းမိတ်ဆက်ပွဲပြု လုပ်ခဲ့တာပါ။ တေးသံရှင် U U Nay Zaw ဟာ မန္တလေးမြို့မှာ နေထိုင်သူတစ်ဦးဖြစ်ပြီး ဒီတေးစီး ရီးဟာ သူ့ရဲ့ပထမဆုံးတေးစီးရီးလည်း ဖြစ်ပါ တယ်။

" ကောင်မလေးတစ်ယောက်ကို သူက နှင်းဆီလေးနဲ့တင်စားပြီး နှင်းဆီက တော်ဝင်ပန်းဆိုတော့ သူ မလှမ်း ရဲဘူးပေါ့နော်။ သူလည်း မထိရက်၊ မကိုင်ရက် စိုးရိမ်ပြီး မချင့်မရဲဖြစ်နေတဲ့ တိတ်ခိုးအချစ်ကို ခံးစား နေသူ အကြောင်းလေးကို ချစ်သောနှင်းဆီသီချင်းလေးမှာ မြင်တွေ့ရမှာပါ။" လို့ တေးသံရှင် U U Nay Zaw က ပြောပါတယ်။

အဆိုပါ တေးစီးရီးမှာ တေးရေးတွေအဖြစ် မဲနော၊ ရိုမီကို၊ ဣန္ဒာနတ်သျှင်၊ အလင်း(မန္တလေး)၊ လွမ်းသုဝဏ်တို့က ရေးသားထားပြီး pop သီချင်းလေး တွေနဲ့ မိုနိုဆန်ဆန်လေးတွေပါဝင်ပြီး အကြောင်းအရာ စုံလင်တဲ့ သီချင်း တွေကို နားဆင်နိုင်မှာဖြစ်တယ်လို့ တေးသံရှင် U U Nay Zaw က ဆိုပါတယ်။

"ကျွန်တော့်သီချင်းခွေကို နားထောင်ရတဲ့အတွက် ရသမျိုးစုံ ခံစားရမှာပါ။ အပျော်လေးတွေရော၊ အဆွေးလေး တွေရော၊မချင့်မရဲနဲ့ တိတ်တခိုးချစ်ရတဲ့ ပုံစံလေးတွေရော တော်တော်များများ ခံစားရမှာပါ ။" လို့ တေးသံရှင် U U Nay Zaw က ပြောပါတယ်။

ဒီတေးစီးရီး MTV ကိုတော့ ဒါရိုက်တာ ထင်အောင်လင်း(လင်း)၊ မန္တလေးသားသူရ၊ ဇော်မျိုးထက်၊ ညီနေမင်း၊ သန့်စင်ဝိုင်းတို့က ရိုက်ကူးပေးထားပါတယ်။

ချစ်သောနှင်းဆီလို့ အမည်ပေးတဲ့ တေးစီးရီးသစ် ကို လာမယ့် အောက်တိုဘာ ၁၄ ရက်နေ့မှာ စတင်ဖြန့်ချိ သွားမှာဖြစ်ပြီး မန္တလေးမြို့မှာလည်း ပရိုမိုးရှင်းပွဲပြုလုပ်သွားဖို့ရှိတယ်လို့ သိရပါတယ်။