NEWS FLASH:  မင်းဘူးမြို့အနီး တပ်မတော်တိုက်လေယာဉ် ပျက်ကျ

YOPE ရုပ်/သံ Mizzima English

အာဖရိကရဲ့ အသက်အငယ်ဆုံးသူဌေး တန်ဇန်းနီးယားမှာ ပြန်ပေးဆွဲခံရ

.

နိုင်ရိုဘီ၊ အောက်တိုဘာ ၁၂ ။           ။ အာဖရိကရဲ့ အသက်အငယ်ဆုံး သူဌေးကို တန်ဇန်နီးယားက စီးပွားရေးမြို့တော် ဒါအိဆလမ်းမြို့က ကိုယ်ကာယအားကစားရုံကနေ လက်နက်ကိုင်တွေက အောက်တိုဘာ ၁၁ ရက်မှာ ပြန်ပေးဆွဲသွားကြပါတယ်။

အသက် ၄၃ နှစ်ရှိတဲ့ မိုဟာမတ်ဒူဂျီဟာ မြို့ရဲ့ ဟိုတယ်တစ်ခုက ဂျင်အားကစားခန်းမထဲ အ၀င်မှာပဲ ပြန်ပေးဆွဲခံလိုက်ရတာ ဖြစ်ပါတယ်။

ဒူဂျီဟာ နိုင်ငံပေါင်း ဆယ်နိုင်ငံလောက်မှာ စိုက်ပျိုးရေး၊ အာမခံလုပ်ငန်း၊ သယ်ယူပို့ဆောင်ရေးနဲ့ အစားအစာလုပ်ငန်းတွေ လည်ပတ်လုပ်ဆောင်နေတဲ့ MeTl Group ရဲ့ ဦးဆောင်သူပဲ ဖြစ်ပါတယ်။

“ကနဦး သတင်းတွေအရတော့ ကားနှစ်စီးနဲ့ သွားလာနေတဲ့ လူဖြူတွေက ဒူဂျီကို ပြန်ပေးဆွဲတာ ဖြစ်တယ်လို့ ညွှန်ပြနေပါတယ်။”လို့ ဒေသအုပ်ချုပ်ရေးမှူး ပေါလ်မာကွန်ဒါက သတင်းထောက်တွေေကို ပြောပါတယ်။ ဒီလို အဖြစ်အပျက်မျိုးဟာ ဒီမှာတော့ အသစ်အဆန်း ဖြစ်ရပ်တစ်ခုပဲ ဖြစ်တယ်လို့လည်း ၎င်းက ဆိုပါတယ်။

အခု ပြန်ပေးဆွဲမှုမှာ နိုင်ငံခြားသားတွေ ပါဝင်နေတယ်လို့ ဌာနေရဲအကြီးအကဲ လာဇာရိုက ပြောပြီး ကျူးလွန်သူတွေဟာ မိုးပေါ်သေနတ် ထောင်ပစ်ပြီး ဒူဂျီကို ကားထဲ ဆွဲခေါ်သွားတာလို့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ။်

“လက်ရှိမှာ လူသုံးဦးကို ဖမ်းဆီးထားပါတယ်။ လတ်တလောတော့ ဒီဖမ်းဆီးထားသူတွေအကြောင်း ပြောလို့ မရသေးပါဘူး။”လို့ ၎င်းက ပြောပါတယ်။

ဒူဂျီဟာ တန်ဇန်းနီးယားဇာတိဖြစ်ပြီး အမေရိကန်နိုင်ငံ ဂျော့တောင်းတက္ကသိုလ်မှာ ပညာသင်ခဲ့သူပါ။ ၂၀၀၅ ခုနှစ်ကနေ ၂၀၁၅ အတွင်း ပါလီမန်အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်ခဲ့ပါတယ်။