NEWS FLASH:  မင်းဘူးမြို့အနီး တပ်မတော်တိုက်လေယာဉ် ပျက်ကျ

YOPE ရုပ်/သံ Mizzima English

ဖလော်ရီဒါက ဟာရီကိန်းမုန်တိုင်းအတွင်း သေဆုံးသူ ခြောက်ဦးအထိ ရှိလာ

.

မီယာမီ၊ အောက်တိုဘာ ၁၂ ။              ။ အန္တရာယ်အဆင့် လေး ဟာရီကိန်းမုန်တိုင်း မိုက်ကယ် ၀င်ရောက်တိုက်ခတ်ခဲ့တဲ့ အမေရိကန်မှာ သေဆုံးသူဦးရေး ခြောက်ဦးအထိ ရှိသွားပြီဖြစ်ကြောင်း အာဏာပိုင်တွေက အောက်တိုဘ ၁၁ ရက်မှာ ပြောပါတယ်။

အစောပိုင်းက သေဆုံးသူ လေးဦးရှိတယ်လို့ ထုတ်ပြန်ထားရာကနေ နောက်ပိုင်းမှာ ခြောက်ဦးအထိ ရှိလာကြောင်း အာဏာပိုင်တွေက ထုတ်ပြန်တာဖြစ်ပါတယ်။

အနောက်မြောက်ပိုင်း ဖလော်ရီဒါပြည်နယ်က ဂက်စ်ဒန်းစီရင်စုရုံးက အပျက်အစီးများစွာ ထားရစ်ခဲ့တဲ့ ဟာရီကိန်းမုန်တိုင်းအတွင်း လေးဦးသေဆုံးခဲ့တယ်လို့ အစောပိုင်းက ထုတ်ပြန်ခဲ့တာပါ။

 သေဆုံးသူတွေမှာ တစ်ဦးက နေအိမ်ပေါ် သစ်ပင်ပြိုလဲရာက သေဆုံးခြင်း ဖြစ်တယ်လို့ သိရပပါတယ်။

ဂျော်ဂျီယာပြည်နယ်မှာ အိမ်ခေါင်မိုးတွေ လန်ထွက်လွင့်စင်ပြီး သတ္တုအပိုင်းအစနဲ့ ရိုက်မိတာကြောင်း အသက် ၁၁ နှစ်အရွယ်  မိန်းကလေးတစ်ဦး သေဆုံးတယ်လို့ ဆိုပါတယ်။

လက်ရှိမှာ မိုက်ကယ်ဟာရီကိန်းမုန်တိုင်းဟာ မြောက်ကယ်လိုလိုင်းနား တောင်ဖက် ၂၅ မိုင်အကွာ်မှာ လေတိုက်နှုန်း တစ်နာရီ ၂၃၃ မိုင်နှုန်းနဲ့ အရှေ့မြောက်ဖက်ကို ဦးတည်ရွှေ့လျားနေကြောင်း အမျိုးသားဟာရီကိန်းစင်တာက ထုတ်ပြန်ထားပါတယ်။