အင်္ဂလန်သမိုင်းတစ်လျှောက် ဂိုးအများဆုံးသွင်းသည့်ကစားသမား ရွန်နီဖြစ်လာ

အင်္ဂလန်သမိုင်းတစ်လျှောက် ဂိုးအများဆုံးသွင်းသည့်ကစားသမား ရွန်နီဖြစ်လာ

စက်တင်ဘာ ၉၊ လန်ဒန် ။              ။ ယူရို ၂၀၁၆ ခြေစစ်ပွဲအဖြစ် ဝင်ဘာလေကွင်းတွင် ဆွစ်ဇာလန်ကိုအနိုင်ရသောပွဲ၌ ရွန်နီသည် ဆာဘော်ဘီချာတန်၏စံချိန်ကို ချိုးဖျက်နိုင်ခဲ့ပြီး အင်္ဂလန်၏ဂိုးသွင်း အများဆုံးကစားသမားဖြစ်လာခဲ့သည်။

အင်္ဂလန်အသင်းခေါင်းဆောင်ရွန်နီသည် စနေနေ့က ဆမ်မာရီနိုကို ၆-၀ ဂိုးဖြင့်အနိုင်ရပြီး ယူရိုခြေစစ်ပွဲအောင်သည့်ပွဲတွင် ပင်နယ်တီဂိုးသွင်း ပြီး ဘော်ဘီချာတန်၏ ၄၉ ဂိုးစံချိန်နှင့်တူညီခဲ့သည်။

ထို့ပြင် ဆွစ်ဇာလန်ကို ၂-၀ ဂိုးဖြင့်အနိုင်ရသည့်ပွဲတွင်လည်း ဂိုးသွင်းနိုင်ခဲ့ရာ ၄၅ နှစ်ကြာတင်ရှိထားသည့်ဂိုးသွင်းစံချိန် ၄၉ ဂိုးကို ဂိုး ၅၀ ဖြင့် ကျော်ဖြတ်နိုင်ခဲ့ခြင်းဖြစ်သည်။

ဆွစ်ဇာလန်အသင်းအနေဖြင့် အင်္ဂလန်ကိုအကောင်းဆုံးခံစစ်ကစားသွားနိုင်သောကြောင့် ရွန်နီမှာဂိုးသွင်းစံချိန်ရရှိရန် အက်စတိုးနီးယားနှင့်ပွဲအ ထိ စောင့်ဆိုင်းရမည့် ကဲ့သို့ဖြစ်ခဲ့သော်လည်း နောက်ကျ ပင်နယ်တီဂိုးကြောင့် ရွန်နီသည်စံချိန်ချိုးနိုင်လိုက်ခြင်းဖြစ်သည်။

အင်္ဂလန်အတွက်အဖွင့်ဂိုးကို လူစားဝင်တိုက်စစ်မှူး ဟယ်ရီကိန်းက ပွဲချိန် ၆၇ မိနစ်တွင်သွင်းယူခဲ့ပြီး ရွန်နီက ပွဲချိန် ၈၄ မိနစ်တွင် ပင်နယ်တီမှ တစ်ဆင့် သွင်းယူနိုင်ခဲ့သည်။ ယင်းနိုင်ပွဲကြောင့် အင်္ဂလန် အသင်းသည် အုပ်စု (င)တွင် ရှစ်ပွဲကစား၊ ရှစ်ပွဲအနိုင်ရလဒ်ဖြင့် အုပ်စုထိပ်ဆုံးမှ ဦးဆောင်နိုင်ခဲ့သည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly