NEWS FLASH:  မင်းဘူးမြို့အနီး တပ်မတော်တိုက်လေယာဉ် ပျက်ကျ

YOPE ရုပ်/သံ Mizzima English

ကမ္ဘာ့အရှည်ဆုံး လေကြောင်းခရီးစဉ်အဖြစ် စင်ကာပူနဲ့ နယူးယောက်ကို တိုက်ရိုက် ပျံသန်းပြေးဆွဲပြီ

.

စင်ကာပူ၊ အောက်တိုဘာ ၁၁ ။             ။ စင်ကာပူလေကြောင်းလိုင်းက လုပ်ဆောင်တဲ့ ကမ္ဘာ့အရှည်ဆုံးလေယာဉ်ပျံသန်းမှု လမ်းကြောင်းအဖြစ် စင်ကာပူကနေ နယူးယောက်ကို အောက်တိုဘာ  ၁၁ ရက်မှာ စတင်လေယာဉ်ပျံသန်းပြေးဆွဲတော့မှာ ဖြစ်ပါတယ်။

ခရီးထောက်ရပ်နားတာ မရှိမယ့် ဒီပျံသန်းမှုလမ်းကြောင်းဟာ မိုင်ပေါင်း ၁၀၃၈၀ မိုင် ခရီးကွာဝေး လေယာဉ်ပျံသန်းမှုလမ်းကြောင်းပဲ ဖြစ်ပါတယ်။

Flight SQ22 လေယာဉ်ဟာ ညပိုင်း ၁၁ နာရီ ၃၅ မိနစ်မှာ စင်ကာပူ ချန်ဂီလေဆိပ်ကနေ စတင်ပျံတက်မှာဖြစ်ပြီး ၁၈ နာရီနဲ့ ၄၅ မိနစ်အကြာ တောက်လျှောက်ပျံသန်းပြီး နယူးယောက်က နယူးဝတ်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ဆင်းသက်မှာ ဖြစ်ပါတယ်။

“စင်ကာပူလေကြောင်းလိုင်း SIA က ကမ္ဘာ့အရှည်ဆုံး စီးပွားဖြစ် လေယာဉ်ပျံသန်းမှု လမ်းကြောင်းကို အောက်တိုဘာမှာ စတင်လာတာပဲ ဖြစ်ပါတယ်။ Airbus A50-900ULR လေယာဉ်သစ်ကြီးတွေနဲ့ စင်ကာပူကနေ နယူးယောက်ကို မရပ်တမ်း ပျံသန်း ၀န်ဆောင်မှု ပေးတော့မှာ ဖြစ်ပါတယ်။ ၂၀၁၈ အောက်တိုဘာ ၁၁ က်မှာ ဒီကမ္ဘာ့အရှည်ဆုံး လေယာဉ်ပျံသန်းမှုလမ်းကြောင်းကို  စတင်ပျံသန်းပြေးဆွဲတော့မှာ ဖြစ်ပါတယ်။”လို့ မေလအတွင်းက လေကြောင်းလိုင်းဟာ သတင်းစာရှင်းလင်းထားတာလည်း ဖြစ်ပါတယ်။

အခု ညမှာ ပျံတက်မယ့် လေယာဉ်ဟာ ခရီးသည် ၁၆၁ ဦးကို တင်ဆောင်ပြီး ပျံသန်းတော့မှာ ဖြစ်ပါတယ်။ လေယာဉ်တောက်မှု မဖြစ်ရလေအောင် ကျယ်ကျယ်ပြန့်ပြန့်နဲ့ အထူးဒီဇိုင်းဆွဲ ၀န်ဆောင်မှုပေးထားတယ်လို့လည်း လေကြောင်းလိုင်းက ပြောခဲ့ပါတယ်။

ဒီကနေ့ ပျံသန်းမှုဟာ ဒီလမ်းကြောင်းကို စတင်ဖွင့်လှစ်ခြင်းအဖြစ် ပျံသန်းခြင်းဖြစ်ပြီး ပုံမှန်ဝန်ဆောင်မှုပေး ပျံသန်းမှာက အောက်တိုဘာ ၁၈ ရက်က စတင်မှာ ဖြစ်ကာ တစ်ပတ်ကို သုံးကြိမ် ပျံသန်းမှာဖြစ်ကြောင်း သိရပါတယ်။