NEWS FLASH:  မင်းဘူးမြို့အနီး တပ်မတော်တိုက်လေယာဉ် ပျက်ကျ

YOPE ရုပ်/သံ Mizzima English

ပခုက္ကူတက္ကသိုလ်ဝန်ထမ်းအိမ်ရာတွင် ဖောက်ထွင်းခံရပြီး ရွှေထည်ပစ္စည်းအချို့ပါသွား

.

ပခုက္ကူ၊ အောက်တိုဘာ ၁၁ ။            ။ ပခုက္ကူတက္ကသိုလ်ဝန်ထမ်းအိမ်ရာနေ ဝန်ထမ်းတစ်ဦး၏ နေအိမ်တွင် အောက်တိုဘာလ ၁၀ ရက်နေ့က ရွှေထည်ပစ္စည်းအချို့ ဖောက်ထွင်းခံခဲ့ရကြောင်း သိရသည်။

"ပျောက်ဆုံးသွားတာက ရွှေလက်ကောက်နဲ့ ရွှေဆွဲကြိုးလို့ သိရတယ်။ စုစုပေါင်း ၃ကျပ်သားလောက် ရှိတယ်လို့လည်း သိရပါတယ်"ဟု ပခုက္ကူတက္ကသိုလ်မှ ဆရာတစ်ဦးက ပြောသည်။

ဖောက်ထွင်းခံရသည့် နေအိမ်မှာ ပခုက္ကူတက္ကသိုလ် ၆ ခန်းတွဲ၊ အတွဲ ၁ အခန်းအမှတ် ၇ တွင် နေထိုင်သည့် ပခုက္ကူတက္ကသိုလ် အဝေးသင်ဌာနခွဲမှ အကြီးတန်းစာရေးတစ်ဦး၏ နေအိမ်ဖြစ်သည်ဟု သိရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ရဲတပ်ဖွဲ့မှ စစ်ဆေးစုံစမ်းနေသည် ပခုက္ကူမြို့မရဲစခန်းမှ သိရပြီး  "၁၀ရက်နေ့ည အစောပိုင်းက ဖြစ်တယ်လို့ အကြောင်းကြားလာပါတယ်။ လက်ရှိတော့ ဖြစ်စဉ်အသေးစိတ်ကို စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ပါတယ်"ဟု ပခုက္ကူမြို့မရဲစခန်းမှ တာဝန်ရှိသူက ဆိုသည်။

အဆိုပါ ကိစ္စရပ်ဖြစ်ပွားပြီးနောက် ပခုက္ကူတက္ကသိုလ် ဆရာများသမဂ္ဂမှ ၎င်းတို့၏ လူမှုကွန်ယက်စာမျက်နှာတွင် ဆရာ၊ဆရာမများနှင့် ဝန်ထမ်းများအား မိမိတို့၏ အိမ်ခန်းများအား လုံခြုံရေး အထူးဂရုပြုရန် အသိပေးကြေညာထားသည်။