အတွင်းခံအတွင်း ဘိန်းဖြူထည့်သိုကာ မူးယစ်ကုန်ကူးသည့် သြစတြေးလျအမျိုးသမီးအား ဗီယက်နမ်က ထောင်နှစ်နှစ်ဆယ်ချ

အတွင်းခံအတွင်း ဘိန်းဖြူထည့်သိုကာ မူးယစ်ကုန်ကူးသည့် သြစတြေးလျအမျိုးသမီးအား ဗီယက်နမ်က ထောင်နှစ်နှစ်ဆယ်ချ

ဗီယက်နမ်နိုင်ငံတွင် အတွင်းခံအတွင်း ဘိန်းဖြူများထည့်သိုကာ ကုန်ကူးရန်ကြိုးစားသည့် ဗီယက်နမ်နွယ်ဖွား သြစတြေးလျနိုင်ငံသူခံယူထားသူ အမျိုးသမီးတစ်ဦး အားထောင်ဒဏ်နှစ်နှစ်ဆယ်ချ မှတ်လိုက်ကြောင်း နိုင်ငံပိုင်မီဒီယာက သတင်းဖော်ပြသည်။

ဟိုချီမင်းမြို့ တန်ဆွန်နက်လေဆိပ်တွင် ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းက ဘိန်းဖြူ ၃၇၆ ဂရမ်နှင့်အတူ အသက် ၃၈ နှစ်ရှိ လမ်သီကမ်ဟွန်ဟန့်ဆိုသည့် အမျိုးသမီးကို ဖမ်းဆီးရမိခဲ့ခြင်းကြောင်း Coang An Nhan Dan သတင်းဌာန ဝက်ဘ်ဆိုက်တွင် ဖော်ပြသည်။

အမျိုးသမီဟန့်က သြစတြေးလျဒေါ်လာ ၅၀၀၀ ရရန် ယခုကဲ့သို့ ဗီယက်နမ်မှ သြစတြေးလျသို့ ဘိန်းဖြူသယ်ပို့ရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း တရားရုံးတွင် ထွက်ချက်ပေးခဲ့သည်။

တရားရုံးက ဟန့်အား တရားမဝင်မူးယစ်ဆေးဝါးသယ်ဆောင်မှုဖြင့် ထောင်ဒဏ် နှစ် နှစ်ဆယ် စီရင်ချက် ချလိုက်ခြင်းဖြစ်သည်။

ကွန်မြူနစ်နိုင်ငံဖြစ်သည့် ဗီယက်နမ်သည် ကမ္ဘာတွင် အတင်းကြပ်ဆုံး မူးယစ်ဥပဒေပြဌာန်းသည့် နိုင်ငံဖြစ်သည်။ ဘိန်းဖြူ ဂရမ် ၆၀၀ လက်ဝယ်တွေ့ရှိခြင်း သို့မဟုတ် ဘိန်း ၂၀ ကီလိုဂရမ် လက်ဝယ်ရှိခြင်း တွေ့ရှိပါက မည်သူမဆို သေဒဏ် အပြစ်ပေးချမှတ်နိုင်သည်။

Ref: Bangkok Post

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly