အင်ဒိုနီးရှား အိုပတ်အဖွဲ့သို့ တင်းပြည့်အဖွဲ့ဝင်အဖြစ် တစ်ဖန်ပြန်ဝင်ရောက်

အင်ဒိုနီးရှား အိုပတ်အဖွဲ့သို့ တင်းပြည့်အဖွဲ့ဝင်အဖြစ် တစ်ဖန်ပြန်ဝင်ရောက်

ခုနစ်နှစ်နီးပါး ထွက်ခွာပြီးနောက် လာမည့် ဒီဇင်ဘာတွင် အင်ဒိုနီးရှားနိုင်ငံက ရေနံတင်ပို့ရောင်းချသည့် နိုင်ငံများအဖွဲ့ကြီး အိုပက်အဖွဲ့၏ တင်းပြည့်အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ ပြန်ဖြစ်လာမည်ဖြစ်သည်။

အင်ဒိုနီးရှားက အဖွဲ့ဝင်နိုင်ငံအဖြစ် ပြန်လည်ဝင်ရောက်ရေး လျှောက်ထားခြင်းကို အိုပတ်အဖွဲ့ကြီးက အတည်ပြုပေးပြီးဖြစ်ကြောင်း စွမ်းအင်နှင့် သတ္တုအရင်းအမြစ်ဝန်ကြီးဌာန ရေနံနှင့် သဘာဝဓာတ်ငွေ့ဌာန ညွန်ကြားရေးမှူးချုပ် ဝီရတ်မာဂျာပူဂျာက ပြောသည်။ အင်ဒိုနီးရှားသည် မြတ်စွန်းသည့် ရေနံတင်ပို့သည့် နိုင်ငံဖြစ်လာပြီးနောက်တွင် အိုပတ်အဖွဲ့မှ ၎င်းကိုယ်တိုင် ၂၀၀၉ ခုနှစ် ဇန်နဝါရီလအတွင်းက ထွက်ခွာ ခဲ့ခြင်းဖြစ်သည်။

စွမ်းအင်စားသုံးသူနှင့် ထုတ်လုပ်သူနှစ်မျိုးစလုံးတွင် အကျုံးဝင်သည့် အင်ဒိုနီးရှား၏ အခန်းကဏ္ဍသည် အိုပတ်အဖွဲ့ကြီးတွင် စားသုံးသူနှင့်ထုတ်လုပ်သူကြား ကွာဟမှုကို ပေါင်းကူးပေးသည့် သဖွယ်ရှိ သည့် နိုင်ငံဖြစ်သည်။ အာရှတွင် တည်ရှိသည့် နိုင်ငံတည်နေရာကလည်း စွမ်းအင်လိုအပ်ချက်ကြီးမားနေသည့် ယင်းဒေသနှင့် အိုပတ်အဖွဲ့ကြား ပိုမိုအဆက်အသွယ်ဖြစ်စေမည်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီး ဆူဒါမန်က ဇွန်က အတွင်းက ပြောခဲ့သည်။

"အင်ဒိုနီးရှားရဲ့ ရည်မှန်းရပ်တည်ချက်သဘောကို ကောင်းကောင်းအကဲဖမ်းလို့မရဘူး။ ရေနံဈေးမြင့်တက်တာကြောင့် အင်ဒိုနီးရှားက အိုပတ်အဖွဲ့ကနေ ထွက်ခဲ့တယ်။ ခု ထောက်ပံ့မှုနဲ့ ရင်းနှီးမြုပ်နှံမှုတွေ အတွက် ပြန်ဝင်လာပြန်တယ်။"ဟု အကြံပေးကုမ္ပဏီဖြစ်သည့် Petromatrix မှ မန်နေးဂျင်းဒါရိုက်တာ အိုလီဗာဂျက်ကော့က ပြောသည်။

အိုပတ်အဖွဲ့ဝင်နိုင်ငံများ၏ အဖွဲ့ဝင်အဖြစ်သဘောတူညီမှုကို သြဂုတ် ၃၁ ရက်က အင်ဒိုနီးရှားက လက်ခံရရှိခဲ့ခြင်းဖြစ်သည်။

အင်ဒိုနီးရှားသည် အိုပတ်အဖွဲ့ဝင်အဖြစ် ရာစုနှစ်ဝက်နီးပါးရှိခဲ့ရာမှ ၂၀၀၈ ခုနှစ်က ကိုယ့်သဘောဆန္ဒအလျှောက် နှုတ်ထွက်ခဲ့ခြင်းဖြစ်သည်။ အင်ဒိုနီးရှား၏ ရေနံထွက်ရှိမှုသည် ၂၀၀၄ခုနှစ်က တစ်နေ့ရေနံ စည်ပေါင်း ၈၅၂၀၀၀ စည်ထွက်ရှိပြီး သုံးစွဲမှုမှာ နှစ်ဆနီးပါးရှိခဲ့သည်။

Ref: Bangkok Post

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly