NEWS FLASH:  မင်းဘူးမြို့အနီး တပ်မတော်တိုက်လေယာဉ် ပျက်ကျ

YOPE ရုပ်/သံ Mizzima English

သရုပ်ဆောင် မိုးအောင်ရင် ပါ ၃ ဦး မူးယစ်အမှု ခံပြသက်သေ ၃ ဦးသာ စစ်ဆေးရန်ကျန်ရှိ

.

ရန်ကုန်၊ အောက်တိုဘာလ ၉ ။         ။ စစ်ဆေးနေသည်မှာ ၂ နှစ်ကျော်ကြာ ကြာမြင့်ခဲ့ပြီဖြစ်သည့် မူးယစ်ဆေးဝါးရောင်းဝယ်မူဖြင့် တရားစွဲထားသော ရုပ်ရှင်သရုပ်ဆောင် မိုးအောင်ရင်အပါအဝင် ၃ ဦးအမှုအတွက် စစ်ဆေးရန် တရားခံပြသက်သေ ၃ ဦးသာ ကျန်ရှိတော့ကြောင်း ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးမှ သိရသည်။

မိုးအောင်ရင်နှင့် ၎င်း၏ သူငယ်ချင်းဖြစ်သူ လူလူသန်းဦးနှင့် ဘုန်းမြင့်အောင်(ခ)ဒေးဗစ်တို့ ၃ ဦးကို အောက်တို ဘာလ ၉ ရက်၊ ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးတွင် ရုံးထုတ်ခဲ့ပြီး တရားခံပြသက်သေတစ်ဦးအား စစ်ဆေး ခဲ့ခြင်းဖြစ်သည်။

အဆိုပါအမှုနှင့်ပတ်သက်ပြီး တရားလိုပြသက်သေ ၁၄ ဦး၊ ရုပ်ရှင်နှင့် ဗွီဒီယိုသရုပ်ဆောင် မိုးအောင်ရင် အပါ အဝင် ၃ ဦးနှင့် တရားခံပြသက်သေ ၁၃ ဦးတို့အား စစ်ဆေးပြီးစီးပြီဖြစ်ကြောင်းသိရသည်။

မိုးအောင်ရင်အပါအဝင် ၃ ဦးအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၉(က) ဖြင့် ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးတွင် စွဲချက်တင် စစ်ဆေးနေခြင်းဖြစ်ပြီး ကျန်ရှိသည့် တရား ခံပြသက်သေ ၃ ဦးကို ဆက်လက်စစ်ဆေးရန်အတွက် လာမည့် အောက်တိုဘာလ ၁၉ ရက်နေ့ကို ပြန်လည် ချိန်းဆိုလိုက်သည်။

အမှုဖြစ်စဉ်မှာ ပြီးခဲ့သည့် ၂ဝ၁၆ ခုနှစ်၊ သြဂုတ်လ ၂၉ ရက်နေ့တွင် မိုးအောင်ရင်အား အိုက်စ်မူးယစ်ဆေးဝါး ၁ ဂရမ်နှင့်အတူ ပုဇွန်တောင်မြို့နယ်ရှိ ၎င်း၏ ရည်စားဖြစ်သူနေအိမ်တွင် ဖမ်းဆီးရမိခဲ့ခြင်းကြောင်း ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့အပြင် မိုးအောင်ရင်၏ နေအိမ်ဖြစ်သော တာမွေမြို့နယ်နေအိမ်အား ရဲတပ်ဖွဲ့မှ သတင်းအရ ဝင်ရောက်ရှာ ဖွေခဲ့ရာ မိုးအောင်ရင်၏ သူငယ်ချင်းဖြစ်သူ လူလူသန်းဦးနှင့် ဘုန်းမြင့်အောင်(ခ)ဒေးဗစ်တို့ ၂ ဦးကို ဆေးခြောက် ၁၃၃၄ ဒသမ ၃၃ ဂရမ်နှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။