တိုင်ဖုန်းမုန်တိုင်းအီတာယူ ဂျပန်ကျွန်းသို့ ဦးတည်နေ

တိုင်ဖုန်းမုန်တိုင်းအီတာယူ ဂျပန်ကျွန်းသို့ ဦးတည်နေ

ဂျပန်ကျွန်းကုန်းတွင်းပိုင်းသို့ အီတာယူ တိုင်ဖုန်းမုန်းတိုင်း ဦးတည်လျက်ရှိနေပြီး လေပြင်းများတိုက်ခတ်ခြင်းနှင့် မိုးများသည်းထန်စွာရွာသွန်းလျက်ရှိရာ အာဏာပိုင်များက လူပေါင်း ၁၂၀၀၀၀ ကျော်ထက် မနည်းကို ရေကြီးမှုအန္တရာယ်များဖြစ်ပေါ်လာနိုင်၍ နေရပ်ရွှေ့ပြောင်းရန် တိုက်တွန်းထားသည်။

စက်တင်ဘာ ၈ ရက်မွန်းလွဲချိန်တွင် တိုကျိုတောင်ပိုင်း ကီလိုမီတာရာအနည်းငယ်အတွင်း မုန်တိုင်းသည် တစ်နာရီလျှင် ၁၂၆ ကီလိုမီတာ(၇၈မိုင်)နှုန်းဖြင့်တိုက်ခိုက်လျက်ရှိနေသည်။ ယင်းမုန်တိုင်းက ယနေ့ စက်တင်ဘာ ၈ ရက်တွင်းမှာပင် ဂျပန်၏ ဟွန်းရှုးကျွန်းသို့ ဝင်ရောက်လာနိုင်ဖွယ်ရှိကြောင်းခန့်မှန်းထားသည်။

ဂျပန်မိုးလေဝသဌာနက မိုးကြီးကာ လေပြင်းများတိုက်ခတ်မည်သတိပေးထားပြီး ဂျပန်လေကြောင်းလိုင်းများက အရှေ့တောင်ပိုင်းနယ်မြေက လေဆိပ်များတွင် ခရီစဉ် နှောင့်နှေးခြင်းနှင့် ပယ်ဖျက်ရနိုင်ခြင်း များရှိလာနိုင်ကြောင်း ပြောထားလျက်ရှိသည်။

ပြီးခဲ့သည့်လအတွင်းက အားပြင် တိုင်ဖုန်းမုန်တိုင်း ဂွန်နီ တောင်ဖက်စွန်းပိုင်း ကူရှုးကျွန်းသို့ ဝင်ရောက်တိုက်ခတ်ခဲ့ပြီး လူလေးဦးပျောက်ဆုံးခဲ့ကာ ဒဏ်ရာရသူ ၇၀ ကျော်ရှိပြီး ရထားလမ်းနှင့် လေကြောင်းလိုင်းများ ပျက်စီဖရိုဖရဲဖြစ်ခဲ့သည်။

Ref: AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly