NEWS FLASH:  မင်းဘူးမြို့အနီး တပ်မတော်တိုက်လေယာဉ် ပျက်ကျ

YOPE ရုပ်/သံ Mizzima English

၂၀၁၈ Ballon d’Or ဆုအတွက် ဆန်ခါတင် ၃၀ ဦး စာရင်း ထုတ်ပြန်၊ မိုဒရစ် ရေပန်းအစားဆုံးကစားသမားဖြစ်

.

ပြင်သစ်ဘောလုံးမဂ္ဂဇင်းမှ ချီးမြှင့်မယ့် ၂၀၁၈ Ballon d’Or ဆုအတွက် ဆန်ခါတင် ၃၀ ဦး စာရင်းကို တနင်္လာနေ့က ထုတ်ပြန်ကြေညာခဲ့ပြီးနောက် ဖီဖာကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆု The Best ကို ရရှိခဲ့တဲ့ မိုဒရစ်က ရေပန်းအစားဆုံးကစားသမားဖြစ်ခဲ့ပြီး အဓိကဆု ၂ ဆုကို ရရှိဖို့ အလားအလာကောင်းနေတယ်လို့ သိရပါတယ်။

ယခုဆန်ခါတင် ၃၀ ဦးစာရင်းမှာ ရီးယဲလ်ကစားသမားဟောင်း စီရော်နယ်လ်ဒို၊ ဘာစီလိုနာရဲ့ မက်ဆီနဲ့ လီဗာပူးလ်ရဲ့ မိုဟာမက် ဆာလာတို့လည်း ပါဝင်ခဲ့ပါတယ်။

ခရိုအေးရှားအသင်းနဲ့ ကမ္ဘာ့ဖလားဒုတိယဆုရ မိုဒရစ်ဟာ ပြီးခဲ့တဲ့လက ဖီဖာက ချီးမြှင့်တဲ့ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုကို စီရော်နယ်လ်ဒိုနဲ့ ဆာလာတို့ကို ကျော်ဖြတ်ပြီး ဆွတ်ခူးရယူခဲ့တာပါ။ ဒါပေမယ့် ဖီဖာရဲ့ အကောင်းဆုံးကစားသမား ဆန်ခါတင် ၃ ဦးစာရင်းမှာတော့ မက်ဆီမှာ အံ့အားသင့်ဖွယ် ပါဝင်ခဲ့ခြင်း မရှိခဲ့ပါဘူး။

ပြီးခဲ့တဲ့ ၂၀၀၉ ခုနှစ်တုန်းဖြစ်ပွားခဲ့တဲ့ မုဒိမ်းမှုနဲ့ စွပ်စွဲခံရမှုကို လက်ရှိရင်ဆိုင်ဖြေရှင်းနေရတဲ့ စီရော်နယ်လ်ဒိုဟာ Ballon d’Or ဆုကို ၅ ကြိမ်ရရှိထားပြီး လက်ရှိ ပိုင်ရှင်လည်းဖြစ်သလို ဒီဆုကို ပထမဆုံးဆွတ်ခူးခဲ့သူလည်းဖြစ်ပါတယ်။ မက်ဆီဟာလည်း ဒီဆိုကို ၅ ကြိမ်ရရှိခဲ့သူဖြစ်ပါတယ်။

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ဟာ ၎င်းကိုယ်ပိုင်ဆုများကို ချီးမြှင့်နိုင်ဖို့အတွက် Ballon d’Or နဲ့ ၂၀၁၆ ခုနှစ်က လမ်းခွဲခဲ့ပါတယ်။

ပြင်သစ်ဘောလုံးမဂ္ဂဇင်းက ဒီဆန်ခါတင် ၃၀ ဦးစာရင်းကို တစ်ချိန်တည်းမှာ ထုတ်ပြန်ခြင်းမပြုခဲ့ဘဲ နာမည်အက္ခရာစဉ်အလိုက် ၅ ဦးစီ ခွဲခြား ထုတ်ပြန်ခဲ့ပြီး ဆုချီးမြှင့်ပွဲကို ဒီဇင်ဘာ ၃ ရက်မှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။

ပြင်သစ်ဘောလုံးမဂ္ဂဇင်းက ယခုနှစ်မှာ အကောင်းဆုံးအမျိုးသမီးဘောလုံးသမားဆုကိုလည်း ပထမဆုံးအကြိမ် စတင်ချီးမြှင့်သွားမှာဖြစ်ပြီး ၎င်းအတွက် ဆန်ခါတင် ၁၀ ဦးစာရင်းကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။

ဒါ့အပြင် အကောင်းဆုံးလူငယ်ကစားသမားဆုကိုလည်း ပထမဆုံးအကြိမ် ချီးမြှင့်သွားမှာဖြစ်ပြီး ဆန်ခါတင် ၁၀ ဦးစာရင်း ထုတ်ခဲ့ရာ ပြင်သစ်လူငယ်တိုက်စစ်မှူး အမ်ဘတ်ပီဟာ Ballon d’Or ဆုနှစ်မျိုးလုံးအတွက် ရွေးချယ်ခံခဲ့ပါတယ်။

တစ်နှစ်တာအကောင်းဆုံးကစားသမားတွေအတွက် Ballon d’Or ဆုကို ပြင်သစ်ဘောလုံးမဂ္ဂဇင်းက ၁၉၅၆ ခုနှစ်ကတည်းက ချီးမြှင့်ပေးအပ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

၂၀၁၈ Ballon d’Or ဆုအတွက် ဆန်ခါတင် ၃၀ ဦးစာရင်း

အဂူရို (ARG / Manchester City)၊ အယ်လီဆန် (BRE / Liverpool)၊ ဂါရတ်ဘေးလ် (GAL / Real Madrid)၊ ဘန်ဇီမာ (FRA / Real Madrid)၊ ကာဗာနီ  (URU / PSG)၊ ကော်တိုရစ် (BEL / Chelsea)၊ စီရော်နယ်လ်ဒို (POR / Juventus Turin)၊ ဒီဘရိုင်း (BEL / Manchester City)၊ ဖာမီနို  (BRE / Liverpool)၊ ဒီယာဂို ဂိုဒင် (URU / Atlético Madrid)၊ ဂရစ်ဇ်မန်း (FRA / Atlético Madrid)၊ ဟာဇက်  (BEL / Chelsea)၊ အစ္စကို (ESP / Real Madrid)၊ ဟာရီကိန်း (ANG / Tottenham)၊ ကွန်တေ (FRA / Chelsea)၊ ဟူဂိုလိုရစ် (FRA / Tottenham)၊ မန်ဇူကစ် (CRO / Juventus Turin)၊ ဆာနေး (SEN / Liverpool)၊ မာဆယ်လို (BRE / Real Madrid)၊ အမ်ဘတ်ပီ (FRA / PSG)၊ မက်ဆီ (ARG / FC Barcelone)၊ လူကာမိုဒရစ် (CRO / Real Madrid)၊ နေမာ (BRE / PSG)၊ အိုဘလက်ခါ (SLO / Atlético Madrid)၊ ပေါလ်ပေါ့ဘာ (FRA / Manchester United)၊ အီဗန် ရာကီတစ် (CRO / FC Barcelone)၊ ဆာလတ် (EGY / Liverpool)၊ ရာမို့စ် (ESP / Real Madrid)၊ ဆွာရက်ဇ် (URU / FC Barcelone)၊ ဗာရန်း (FRA / Real Madrid)

၂၀၁၈ Ballon d’Or လူငယ်ဆုအတွက် ဆန်ခါတင် ၁၀ ဦးစာရင်း

အောယာ  (FRA / Lyon)၊ အာနိုးလ် (ENG / Liverpool)၊ ကူထရိုနီ (ITA / Milan)၊ အိုအန် (JAP / Groningen)၊ ဒွန်နာရမ်မာ (ITA / Milan)၊ ဟိုင်ဒါရာ (MAL / Red Bull Salzburg)၊ ဂျက်စတင်ကလွိုက်ဗတ် (PB / AS Roma)၊ အမ်ဘတ်ပီ (FRA / PSG)၊ ပူလီရှစ် (USA / Borussia Dortmund)၊ ရိုဒီရီဂို (BRE / Santos)

Ref; AFP

Tags: