NEWS FLASH:  မင်းဘူးမြို့အနီး တပ်မတော်တိုက်လေယာဉ် ပျက်ကျ

YOPE ရုပ်/သံ Mizzima English

နှစ် ၁ဝဝ ကျော်သက်တမ်းရှိ ကင်မရာများအပါအဝင် ခေတ်ဟောင်းကင်မရာများ ပြသသွားမည်

.

ဓာတ်ပုံ - သက်ကို

ရန်ကုန်၊ အောက်တိုဘာ ၈ ။                 ။ ခေတ်အဆက်ဆက် ကင်မရာဒီဇိုင်းပုံစံမျိုးစုံနှင့် နှစ်ပေါင်း ၁ဝဝ ကျော်သက်တမ်းရှိ ကင်မရာများအပါအဝင် ရှေးဟောင်းကင်မရာ အလုံး ၅ဝဝ နီးပါးကို ပြသသွားရန် ရှိနေပါတယ်။

ရှေးဟောင်းကင်မရာများအား ရန်ကုန်မြို့၊ Yangon Gallery မှာ လာမဲ့ အောက်တိုဘာ ၁၉ ရက်မှ ၂၁ ရက်နေ့ အထိ ၃ ရက်ကြာပြသသွားမည်ဖြစ်ပြီး နံနက် ၉ နာရီမှ ညနေ ၅ နာရီထိ အခမဲ့ဝင်ရောက်ကြည့်ရှုနိုင်မယ်လို့ သိရပါတယ်။

“ ပထမဆုံးပေါ်လာတဲ့ကင်မရာတွေကစလို့ တဖြည်းဖြည်းပြောင်းလဲလာတဲ့ Process ကို ပြကွက်တစ်ခုအနေနဲ့ ပြမှာပါ။ ထူးခြားတာက ကင်မရာ ပြကွက် ၅ ကွက် လောက် ပြထားမယ်။ ကင်မရာနဲ့ပတ်သက်တဲ့ ဒိုကူမန်ထရီလေးတွေ ကျွန်တော် စုထားတာရှိတယ်။ အဲဒီမှာ ပရိုဂျက်တာနဲ့ ပြပေးထားမယ်” လို့ ရှေးဟောင်းကင်မရာတွေ စုဆောင်းခဲ့တဲ့ ဦးကျော်သက်မင်းက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ် ပြသတာ ဖြစ်တဲ့ ခေတ်ဟောင်း၊ ရှေးဟောင်းကင်မရာပြပွဲနဲ့ပတ်သက်လို့ အောက်တိုဘာလ ၇ ရက်က အောကစ်ခ်ဟိုတယ်မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာပါ။