NEWS FLASH:  မင်းဘူးမြို့အနီး တပ်မတော်တိုက်လေယာဉ် ပျက်ကျ

YOPE ရုပ်/သံ Mizzima English

ဘုရားဂုဏ်တော်သီချင်းတွေပါဝင်သော ဥုံ အမည်ရှိတဲ့ တေးစီးရီး မိတ်ဆက်

.

ရန်ကုန်၊ အောက်တိုဘာ   ၈ ။          ။ စကြ၀ဠာကြီးရဲ့အသံကို ကိုယ်စားပြုပြီး ဘုရားရှင်ရဲ့ဂုဏ်တော်ကိုရေးဖွဲ့ထားတဲ့သီချင်းတွေပါဝင်တဲ့ ဥုံလို့အမည် ပေးထားတဲ့ တေးစီးရီးသစ်ကို ရခိုင်တိုင်းရင်းသား တေးသံရှင် A Zip က စတင်မိတ်ဆက်လိုက်ပါတယ်။

တေးသံရှင် A Zip က ရန်ကုန်မြို့၊ Orchid ဟိုတယ်မှာ အောက်တိုဘာလ ၈ ရက်နေ့၊ နေ့လယ်ပိုင်းက စာနယ်ဇင်းမိတ်ဆက်ပွဲပြုလုပ်ခဲ့တာပါ။

 " ဥုံဆိုတာက စကြ၀ဠာကြီးရဲ့အသံပါ။ အဲဒီအသံရဲ့အနီးစပ်ဆုံးအသံပြောပါဆိုရင် ဘုရားကျောင်းသွားရင် ခေါင်းလောင်းကြီးတွေရှိတယ်။ ခေါင်းလောင်းကြီးတွေထုလိုက်ရင် ထွက်လာပြီး ကျန်ခဲ့တဲ့အသံက ဥုံပါပဲ။ အဲဒီလိုပဲ ကျွန်တော်တို့ခွေကိုနားထောင်ကြည့်ရင် ရင်ဘတ်ထဲမှာ ကျန်ခဲ့မယ့်အသံက ဥုံပါပဲလို့။" လို့ တေးသံရှင် A Zip က ပြောပါတယ်။

ယခုတေးစီးရီးမှာ ဥုံအဖွဲ့သားတွေအဖြစ် ဂစ်တာ Chap Bauk၊ ကိုသန့်၊ Bass Zaw Yan Naing၊ Drum Yel Yel တို့ လည်းပါဝင်ပြီး တေးသီချင်းတွေကို  တေးသံရှင် A Zip က ရေးသားသီဆိုထားပါတယ်။ အချိန် ၅ နှစ် လောက်ယူခဲ့ရတဲ့ ဒီတေးစီးရီးထဲမှာ အတုမရှိဗုဒ္ဓဆိုတဲ့ သီချင်းဟာ ဘုရားရှင်ရဲ့အကြောင်းအရာတွေကို ထည့် သွင်းရေး သားထားတာဖြစ်တယ်လို့ တေးသံရှင် A Zip က ပြောပါတယ်။

"ကျွန်တော်က ဗုဒ္ဓဘာသာကိုး။ အဲဒီတော့ ကျွန်တော်တို့ရဲ့ဘုရားအကြောင်းပေါ့။ ဘုရားဘယ်နေရာမှာ မွေးခဲ့ တယ်။ ဘယ်နေရာမှာ တရားအားထုတ်တယ်။ အဲဒါတွေကို ရေးထားတာပါ။ " လို့ တေးသံရှင် A Zip က ပြောပါတယ်။

ဒီတေးစီးရီးထဲမှာ အော်တာနေးတစ်သီချင်းအမျိုးအစားတွေဖြစ်တဲ့ အတုမရှိဗုဒ္ဓ၊ အဝေး(အားလုံး)၊ မျှော်လင့် ချက်ကြယ်၊ လှမ်းခဲပတော့၊ နေ၀င်သွားတဲ့အတိတ်၊ အချစ်ဘ၀၊ အလွမ်းငွေ့၊ ကိုက်ကိုက်၊ အချစ်အိမ်လေးနဲ့ ချိုမြိန်ခြင်းနတ်သမီး စတဲ့ တေးသီချင်း ၁၀ ပုဒ်ပါဝင်တယ်လို့ သိရပါတယ်။

ဥုံလို့အမည် ပေးထားတဲ့ တေးစီးရီးသစ်ကို လာမယ့်အောက်တိုဘာ  ၁၄ ရက်နေ့မှာ စတင်ဖြန့်ချိသွားမှာဖြစ်ပြီး မကြာခင်မှာလည်း VCD ရိုက်ကူးသွားဖို့ ရှိတယ်လို့လည်း သိရပါတယ်။