တရုတ်ရုပ်မြင်သံကြား ဇာတ်လမ်းတွဲတွင် ပါဝင်သရုပ်ဆောင်သွားမည့် ကင်ဟီဆွန်

တရုတ်ရုပ်မြင်သံကြား ဇာတ်လမ်းတွဲတွင် ပါဝင်သရုပ်ဆောင်သွားမည့် ကင်ဟီဆွန်

ဆိုးလ်၊ စက်တင်ဘာ ၈ ။        ။ တောင်ကိုရီးယား ရုပ်မြင်သံကြားကြယ်ပွင့် ကင်ဟီဆွန်သည် တရုတ်ရုပ်မြင်သံကြား ဇာတ်လမ်းတွဲ Ice Fantasy ဇာတ်လမ်းတွင် ပါဝင် သရုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်း၏ အေဂျင် စီက စင်တင်ဘာ ၈ ရက်တွင် ပြောကြားခဲ့သည်။

“ကင်ဟာ တရုတ်ရုပ်မြင်သံကြား ဇာတ်လမ်းတွဲ Ice Fantasy ဇာတ်ကားတွင် Yeonhi အဖြစ် ပါဝင် သရုပ်ဆောင်သွားမှာပါ ဖြစ်ပါတယ်။ Yoenhi ဟာ လျို့ဝှက်ဆန်းကြယ်တဲ့ နောက်ကြောင်း ရာဇ ဝင်ရှိတဲ့ မိသားစဝင် မိန်းမလှလေးတစ်ဦး ဖြစ်ပါတယ်”ဟု  အေဂျင်စီက ပြောကြားခဲ့သည်။

အသက် ၃၈ နှစ်အရွယ်ရှိ ကင်သည် တရုတ်နိုင်ငံနှင့် ကိုရီးယားနိုင်ငံတွင် လူကြိုက်များသော မင်းသမီးတစ်ဦးဖြစ်ပြီး ၂၀၀၄ ခုနှစ်က The Mythe ဇာတ်ကား ၊ ၂၀၁၁ ခုနှစ်က The Warring States ကဲ့သို့သော တရုတ်အက်ရှင် ဇာတ်ကားများတွင် ပါဝင် သရုပ်ဆောင်ခဲ့ဖူးသူ တစ်ဦးဖြစ်သော်လည်း  တရုတ်ရုပ်မြင်သံကြား ဇာတ်လမ်းတွဲများတွင် ပါဝင် သရုပ်ဆောင်ခဲ့ဖူးခြင်း မရှိပေ။

မကြာမီ ထုတ်လွှင့်ပြသမည့် အဆိုပါ ဒရမ်မာဇာတ်ကားသည် တရုတ်နာမည်ကြီး စာရေးဆရာ Guo Jingming ၏ ၂၀၁၃ ခုနှစ်က ရောင်းအားအကောင်းဆုံး စာအုပ် Huan Cheng စာအုပ်ကို အခြေခံ ရိုက်ကူးမည့် ဇာတ်ကား ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly