NEWS FLASH:  မင်းဘူးမြို့အနီး တပ်မတော်တိုက်လေယာဉ် ပျက်ကျ

YOPE ရုပ်/သံ Mizzima English

တောတွင်းစွန့်စားခန်းတွေနဲ့ ရင်သပ်ရှုမောဖွယ် ရိုက်ကူးထားတဲ့ တည်ကြက် ရုပ်ရှင်ဇာတ်ကား

.

ရန်ကုန်၊ အောက်တိုဘာ   ၅ ။          ။ တောတွင်းစွန့်စားခန်းတွေကို ခက်ခက်ခဲခဲရိုက်ကူးထားပြီး ပရိသတ်တွေ ရင်သပ်ရှုမောဖြစ်စေရမယ်လို့ ဆို ထားတဲ့ တည်ကြက်အမည်ရ ရုပ်ရှင်ဇာတ်ကားကြီးကို အောက်တိုဘာလ ၅ ရက်နေ့က စတင်ပြီး ရုံတင်ပြသ နေပြီဖြစ်ပါတယ်။

ဒီဇာတ်ကားဟာ တောတွင်းခရီးအတူသွားတဲ့လူငယ်တစ်စု တစ်ဦးနဲ့တစ်ဦး သံသယတွေဝင်ပြီး စိတ်ဝမ်းကွဲကြ ရတဲ့အဖြစ်အပျက်တွေကို ပုံဖော် ရိုက်ကူးထားပြီး ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ အနုပညာရှင်တွေ က ရန်ကုန်မြို့၊ သမ္မတရုပ်ရှင်ရုံမှာ ရုပ်ရှင်ပြပွဲ နဲ့အတူ ပရိတ်သတ်တွေနဲ့အမှတ်တရတွေ့ဆုံခဲ့ကြပါတယ်။ ဒီဇာတ်ကားကို ရှမ်းပြည်နယ်နဲ့ ပြင်ဦးလွင်က တော တွင်းနေရာကို အမှန်တကယ်သွားရောက်ရိုက်ကူးထားတာဖြစ်ပါတယ်။

" ကျွန်တော်တို့က လိမ်လို့မရတော့ဘူး။ အရင်တုန်းကသာ ရုပ်ရှင်သဘောအရ အခုခေတ်မှာ ပရိတ်သတ်က အရမ်းကို ရုပ်ရှင်အကောင်းတွေ သိကျွမ်းနေပါပြီ။ ညာလို့မရတော့ဘူးလေ။ အဲဒါကြောင့် တောနက်ဆိုလည်း တောနက်ထဲမသွားနိုင်တောင် တောနက်အစပ်အထိ ခက်ခက်ခဲခဲရိုက်ကူးထားတာပါ။ ပရိတ်သတ်တွေ ရင်သပ် ရှုမောစွာ တွေ့ရမှာပါ။" လို့ဒါရိုက်တာ စတီးလ်(ဒွေးမေတ္တာ)က ပြောပါတယ်။

ဒီရုပ်ရှင်ဇာတ်ကားမှာ သရုပ်ဆောင်နေတိုးက ခေါင်းဆောင်မင်းသား အနေနဲ့ ပါဝင်ထားပေမယ့် ညီဖြစ်သူ သရုပ်ဆောင် မင်းသွေးရဲ့နာရေးကိစ္စတွေရှိနေတဲ့အတွက် ပရိသတ်တွေနဲ့အမှတ်တရတွေ့ဆုံပွဲကို မလာ ရောက်နိုင်ခဲ့ပါဘူး။

ဒီရုပ်ရှင်ကို သွားလာရေးခက်ခဲတဲ့တောတွင်းနေရာတွေမှာ စွန့်စွန့်စားစားရိုက်ကူးထားပြီး ဇာတ်ကားထဲမှာ ဂျစ်ကန်ကန်ကောင်မလေးတစ်ယောက်အနေနဲ့ ပါဝင်သရုပ်ဆောင်ထားတယ်လို့ သရုပ်ဆောင်ယဉ်လတ်က ပြောပါတယ်။

" ဒီကားမှာ ညီမက ဂျစ်ကန်ကန်ကောင်မလေးပေါ့။ ကိုနေတိုးနဲ့မတည့်တဲ့ကောင်မလေးပုံစံမျိုး။ ဇာတ်ကားရိုက် တော့ တကယ်အခက်အခဲတွေလည်း အများကြီးပဲ။ ဒီထဲမှာ အမှတ်တရတွေလည်း အများကြီးပဲ။ ပရိသတ်တွေ ကြိုက်ကြမှာပါ။" လို့ သရုပ်ဆောင်ယဉ်လတ်က ပြောပါတယ်။

တည်ကြက်အမည်ရှိ ရုပ်ရှင်ဇာတ်ကားကြီးကို လူစွမ်းကောင်းရုပ်ရှင်ထုတ်လုပ်ရေးက ရိုက်ကူးထုတ်လုပ်ပြီး ဒါရိုက်တာ စတီးလ်(ဒွေးမေတ္တာ)က ဖန်တီးပုံဖော်ထားပါတယ်။ ခေါင်းဆောင်မင်းသားအနေနဲ့ နေတိုး၊ နေမျိုးအောင်တို့ပါဝင်ကြပြီး သရုပ်ဆောင် ယဉ်လတ်၊ သင်ဇာဝင့်ကျော်၊ နန်းခင်ဇေယျာ၊ ရွှေသမီးနဲ့ မေမြတ်နိုးတို့ က ပါဝင်သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။