NEWS FLASH:  မင်းဘူးမြို့အနီး တပ်မတော်တိုက်လေယာဉ် ပျက်ကျ

YOPE ရုပ်/သံ Mizzima English

အင်ဒိုနီးရှားနိုင်ငံ၊ ဆူလာဝေစီကျွန်းတွင် မီးတောင်ပေါက်ကွဲပြန်

.

အောက်တိုဘာ ၃ ။           ။ ငလျင်နဲ့ ဆူနာမီ ဖြစ်ပေါ်ခဲ့တဲ့ အင်ဒိုနီးရှားနိုင်ငံ၊ ဆူလာဝေစီကျွန်းပေါ်မှာ တည်ရှိတဲ့ ဆိုပူတန် မီးတောင်ကြီးဟာ ယနေ့မနက်မှာပဲ ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။

ဆိုပူတန် မီးတောင်ပေါက်ကွဲစဉ်က မီးတောင်ချော်မှုန့်တွေဟာ ၄၀၀၀ မီတာအထိ လေထဲမှာ လွှင့်စင်ခဲ့တာ ဖြစ်ပါတယ်။

သို့ပေမယ့် အဆိုပါ မီးတောင်ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရမှုများ မရှိကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

"မီးတောင်နဲ့ အနည်းဆုံး ၄ ကီလိုမီတာ (၂ မိုင်ခွဲ) အကွာမှာ နေပါ။ တခြားနေရာကို ပြောင်းရွှေ့ဖို့မလိုဘူး။"လို့ သဘာဝဘေးအန္တရာယ် ကာကွယ်တားဆီးရေးအေဂျင်စီက ဒေသခံတွေကို ပြောခဲ့ပါတယ်။

ဆိုပူတန်မီးတောင်ဟာ ငလျင်နဲ့ ဆူနာမီဒဏ်ခံခဲ့ရတဲ့ ပါလူမြို့နဲ့ ၁၀၀၀ ကီလိုမီတာအကွာမှာ တည်ရှိပါတယ်။

များမကြာမီက ဆူလာဝေစီကျွန်းမှာ ဖြစ်ပွားခဲ့တဲ့ ပြင်းအား ၇ ဒသမ ၅ ရှိ ငလျင်နဲ့ ဆူနာမီကြောင့် ပါလူမြို့ ဒေသခံ ၁၄၀၀ နီးပါးသေဆုံးခဲ့တာဖြစ်ပါတယ်။