NEWS FLASH:  မင်းဘူးမြို့အနီး တပ်မတော်တိုက်လေယာဉ် ပျက်ကျ

YOPE ရုပ်/သံ Mizzima English

မေတ္တာသင်္ဂဟ အဖွဲ့မှ ရုပ်ရှင်၊ ဂီတနဲ့ သတင်းစာပညာရှင် သက်ကြီးပူဇော်ပွဲအတွက် ငွေကျပ် သိန်း ၄၀ လှူဒါန်း

.

ဓာတ်ပုံ-သူရ/မဇ္ဈိမ

ရန်ကုန်၊ အောက်တိုဘာ ၃ ။             ။ အကယ်ဒမီ ခန့်စည်သူ စတင်တည်ထောင်ခဲ့တဲ့ မေတ္တာသင်္ဂဟ ပရဟိတအဖွဲ့ဟာ ရုပ်ရှင်၊ ဂီတနဲ့ သတင်းစာ ပညာရှင်သက်ကြီးပူဇော်ပွဲတွေအတွက် အလှူငွေ စုစုပေါင်း ငွေကျပ် သိန်း ၄၀ ကို လှူဒါန်းလိုက်ပါတယ်။

အောက်တိုဘာ ၃ ရက်နေ့က မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှာပြုလုပ်ခဲ့တဲ့ သက်ကြီးပူဇော်ပွဲအတွက် အလှူငွေ ပေးအပ်တဲ့အခမ်းအနားမှာ လှူဒါန်းခဲ့တာဖြစ်ပါတယ်။

“ ဒီနေ့လှူတာ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကို သိန်း ၂၀ ပေါ့နော်။ မြန်မာနိုင်ငံဂီတအစည်းအရုံးကို ၁၀ သိန်း၊ ပြီးတော့သက်ကြီးသတင်းစာပညာရှင်များပူဇော်ပွဲအတွက် ၁၀ သိန်း စုစုပေါင်း သိန်း ၄၀ ပါ။ လှူဒါန်း တဲ့အကြိမ်အရေအတွက်ကတော့ ၆၅ ကြိမ်ရှိပါပြီ။ အားလုံးပေါင်း ကျွန်တော်တို့ ၂၇၃၈ သိန်း လှူဒါန်းပြီးပါပြီ “ လို့ အကယ်ဒမီ ခန့်စည်သူက ပြောပါတယ်။

မေတ္တာသင်္ဂဟ ပရဟိတအဖွဲ့အနေနဲ့ နှစ်စဉ်နှစ်တိုင်း ရုပ်ရှင်သက်ကြီးပူဇော်ပွဲအတွက်လှူဒါန်းလေ့ရှိပေမယ့် ဒီနှစ်ရဲ့ထူးခြားချက်ကတော့ ဂီတသက်ကြီးပူဇော်ပွဲနဲ့ သတင်းစာပညာရှင် သက်ကြီးပူဇော်ပွဲအတွက် လှူဒါန်း နိုင်ခဲ့တာဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။

“ အပြင်မှာလည်းတွေ့ဖြစ်သလို ရှုတင်မှာလည်းတစ်ယောက်နဲ့တစ်ယောက်ကဆုံဖြစ်ကြပါတယ်။ ရုပ်ရှင်၊ ဂီတအဖွဲ့တွေဆုံဖြစ်ရင်းနဲ့မှ နောက်ပိုင်းဆိုရင် ကျွန်တော်တို့ထပ်တိုးပြီးတော့ တခြားအဖွဲ့အစည်းတွေလည်း လှူနိုင်အောင်လည်း ကြိုစားမှာပါ” လို့ ခန့်စည်သူက ဆိုပါတယ်။

မေတ္တာသင်္ဂဟအဖွဲ့ကို ၂၀၁၁ ခုနှစ်မှာ အနုညာရှင်တွေနဲ့ စတင်တည်ထောင်ခဲ့တာဖြစ်ပြီး သက်ကြီးပူဇော်ပွဲ တွေသာမက သဘာဝဘေးကျရောက်ခဲ့တဲ့ ဒေသတွေအတွက်လည်း အလှူငွေကောက်ခံတာတွေ၊ သွားရောက် ကူညီတာတွေကိုလည်း ပြုလုပ်လေ့ရှိတယ်လို့ သိရပါတယ်။