ကလပ်အသင်းများမှာ ပြောင်းရွှေ့ကြေးထက် ကစားသမားလစာငွေကို ပိုမိုအသုံးပြုထား

ကလပ်အသင်းများမှာ ပြောင်းရွှေ့ကြေးထက် ကစားသမားလစာငွေကို ပိုမိုအသုံးပြုထား

အင်္ဂလန်၊ သြဂုတ် ၈။ ။ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာ၏ အပြောင်းအရွှေ့စစ်တမ်း(Transfer Matching System) အရ ကမ္ဘာတစ်ဝှမ်းရှိ ကလပ်အသင်းများသည် ကစားသမားသစ်ခေါ်ယူရာတွင် အသုံးပြုသည့် ပြောင်းရွှေ့ကြေးထက် ကစားသမားများ၏ လစာငွေပေးချေမှုကို ပိုမိုအသုံးပြုထားသည်ကို တွေ့ရှိခဲ့ရသည်။

Transfer Matching System ၏ ပထမဆုံးအကြိမ် ထုတ်ပြန်မှုအရ ကမ္ဘာတစ်ဝှမ်းရှိ ကလပ်အသင်းများသည် ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်က ပြောင်းရွှေ့ကြေး စုစုပေါင်း ၂ ဒသမ ၇ ဘီလီယံအသုံးပြုခဲ့ပြီး ကစားသမားများလစာငွေအတွက် ပေါင် ၄ ဘီလီယံအထိ အသုံးပြုခဲ့ကြသည်။

ကလပ်အသင်းများသည် အပြောင်းအရွှေ့များ ဖြစ်မြောက်ရန်အတွက် အေးဂျင့်များကို ပေါင် ၁၅၄ သန်းပေးချေခဲ့ရသည်ဟု အဆိုပါ System က ဖော်ပြထားသည်။
၂၀၁၃ ခုနှစ်နှင့် ၂၀၁၄ ခုနှစ်အကြားတွင် ကစားသမားများ၏ လစာငွေပမာဏမှာ ၃၃ ရာခိုင်နှုန်းခန့် တိုးလာခြင်း ဖြစ်သည်။

စိတ်ဝင်စားဖွယ်ကောင်းသည့်အချက်မှာ ကမ္ဘာ့တစ်ဝှမ်း အပြောင်းအရွှေ့များ၏ ၁၃ ရာခိုင်နှုန်းသော ကစားသမားများ၏ လစာငွေသည်သာ ပုံမှန်ဖြစ်ပြီး ကျန် ၇၀ ရာခိုင်နှုန်းကျော်မှာ စာချုပ်များဖျက်သိမ်းပြီး အပြောင်းအရွှေ့လုပ်ခဲ့ကြသော ကစားသမားများကို ပေးချေခဲ့ရသော လစာငွေဖြစ်သည်။

ကစားသမားတစ်ဦးသည် ယေဘူယျအားဖြင့် လစာငွေ ပေါင် ၂၆၂,၀၀၀ ရရှိပြီး စပိန်ကစားသမားများမှာ ပေါင် ၅၆၃,၀၀၀ ဖြင့် အမြင့်ဆုံးရရှိလျက်ရှိသည်။
ကလပ်အသင်းများအားလုံး၏ လစာငွေအချက်အလက်အားလုံးသည် FIFA Transfer Matching System ထဲသို့ အားလုံးရောက်ရှိသည့်အတွက် ဖီဖာ၏ကိန်းဂဏာန်းများမှာ ယုံကြည်အားထားလောက်စရာဖြစ်သည်။ သို့သော် ထို System ထဲတွင် ကစားသမားများရရှိသည့် အပိုဆုကြေးငွေများ ပါဝင်ခြင်း မရှိပေ။

၂၀၁၅ ခုနှစ်၏ လစာငွေအများဆုံး ဘောလုံးသမား ၁၀ ဦးမှာမူ စီရော်နယ်ဒို၊ မက်ဆီ၊ အီဗရာဟီမိုဗစ်ချ်၊ ဂါရတ်ဘေးလ်၊ ဖယ်လ်ကာအို၊ နေမာ၊ အဂူရို၊ ယာယာတိုရေးနှင့် လူးဝစ္စဆွာရက်ဇ်တို့ ဖြစ်သည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly