NEWS FLASH:  မင်းဘူးမြို့အနီး တပ်မတော်တိုက်လေယာဉ် ပျက်ကျ

YOPE ရုပ်/သံ Mizzima English

စနေ၊ တနင်္ဂနွေမှာ နားခိုနိုင်မဲ့ သက်ကြီးစောင့်ရှောက်ရေးဂေဟာ

.

အောက်တိုဘာ ၁ ။        ။ အဘိုးအဘွားတွေဟာ အသက်အရွယ်ကြီးလာတာနဲ့အမျှ မိတ်ဆွေ အပေါင်းအသင်းတွေ နည်းပါးလာပါတယ်။ အထီးကျန်ခြင်း၊ မပျော်ရွှင်ခြင်းတို့ကို ခံစားနိုင်ရသူတွေအတွက် အချိန်ပိုင်းနားခိုရာတစ်ခု မြိတ်မှာ ဖွင့်လှစ်ထားပါတယ်။

အောက်တိုဘာလ ၁ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ် အတွက် ရည်ရွယ်ပြီး ရွှေရတီပုဂ္ဂလိက နေ့ပိုင်းစောင့်ရှောက်ရေး အခမဲ့ဂေဟာ (Day Care For Ageds) စင်တာအကြောင်း မြိတ်သတင်းထောက် ဒီမိုးသွေးက ပေးပို့ထားပါတယ်။

ရွှေရတီ သက်ကြီး နေ့ပိုင်း အခမဲ့စောင့်ရှောက်ရေးစင်တာကို အလှူရှင် ဦးအောင်မြင့်ဦးက တည်ထောင် ထားတာဖြစ်ပြီး ဒီဂေဟာမှာ တစ်ပတ်လျှင် စနေ့၊ တနင်္ဂနွေနေ့ ၂ ရက် လက်ခံ ဖွင့်လှစ်ပေးနေပြီး၊ လက်ရှိမှာ ဘိုးဘွား အယောက် ၃၀ ဦးကို လက်ခံ စောင့်ရှောက် ပေးထားပါတယ်။

ဒီစင်တာမှာ အဘိုးအဘွားတွေ အချင်းချင်း ရှေးဟောင်းနှောင်းဖြစ်တွေ၊ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ စတဲ့ ၀ါသနာ တူသူတွေနဲ့ မိတ်ဖွဲ့ပြီး စကားပြောဆို နိုင်ဖို့၊ အားကစား၊ ယောဂလေ့ကျင့်နည်းများ၊ စာဖတ်ခြင်း၊ တရားထိုင်ခြင်း၊ အိပ်စက်ခြင်း၊ ကာရာအိုကေ သီချင်း သီဆိုခြင်း၊ အနားယူခြင်းနဲ့ အခြားသော အစီအစဉ်တွေကို ထည့်သွင်း ပေးထားတယ်လို့ ဦးအောင်မြင့်ဦးထံမှ သိရပါတယ်။

ရွှေရတီ ပုဂလိက နေ့ပိုင်းစောင့်ရှောက်ရေး အခမဲ့ဂေဟာ (Day Care For Aged) စင်တာကို မြိတ်မြို့၊ တက္ကသိုလ်ရပ်ကွက်ရှိ ကုန်မြင့်သာယာလမ်းတွင် ဖွင့်လှစ်ထားကာ အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ် အကြိုဟောပြောပွဲကို စက်တင်ဘာ ၃၀ ရက်နေ့ မွန်းလွဲပိုင်း ၁ နာရီမှ ညနေ ၃ နာရီ အထိ ပြုလုပ်ခဲ့ပါသေးတယ်။

အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့အထိမ်းအမှတ် အကြိုဟောပြောပွဲကို အထီးကျန်နေသော သက်ကြီးဘိုးဘွားတွေအတွက် ရည်ရွယ်ပြီး ကျင်းပပြုလုပ်ပေးခဲ့တာပါ။

မြိတ်ခရိုင် လူမှုဝန်ထမ်း ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်မော်မော်ဦးက " အောက်တိုဘာလ ၁ ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အခမ်းအနားကို အကြို ပြုလုပ်တာပါ၊ ရွှေရတီ စတင်တာမှာရှိတဲ့ ဘိုးဘွားတွေနဲ့ အတူ ဒီသက်ကြီး စင်တာလေး ပေါ်ပေါက်လာတဲ့ အပေါ်မှာ အလှူရှင်တွေနဲ့ ဘယ်လိုမျိုး ရပ်တည်လာရတဲ့ ဆိုတာကို ဒီကနေ့ အခမ်းအနားမှာ ဟောပြောသွားတာ ဖြစ်တယ်”လို့ စက်တင်ဘာလ ၃၀ ရက်က ပြောသွားပါတယ်။

အခမ်းအနားတွင် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အခမ်းအနား ဖြစ်ပေါ်လာပုံ၊ အထီးကျန်နေသည့် အဘိုးဖွားများကို ကူညီစောင့်ရှောက်ခြင်းနည်းများနှင့် အဘိုးဘွားများနဲ့ ပတ်သက်၍ ဥပဒေအကြောင်း အရာတွေကို ဟောပြောခဲ့ကြပါတယ်။