NEWS FLASH:  မင်းဘူးမြို့အနီး တပ်မတော်တိုက်လေယာဉ် ပျက်ကျ

YOPE ရုပ်/သံ Mizzima English

မဇ္စျိမလှိုင်းတေးဂီတအဖွဲ့မှ တေးရေး၊ တေးဆို ကိုနေ၀င်းရဲ့ ၆၈ နှစ်ပြည့်မွေးနေ့ပွဲကျင်းပ

.

ရန်ကုန်၊ အောက်တိုဘာ ၁ ။                             ။ တချိန်ကနာမည်ကျော်ကြားခဲ့တဲ့ မဇ္စျိမလှိုင်းတေးဂီတအဖွဲ့ရဲ့ တေးရေး၊ တေးဆို ကိုနေ၀င်းရဲ့ ၆၈ နှစ်မြောက်မွေးနေ့ပွဲကို ရန်ကုန်မြို့၊ ၀ါးတန်းလမ်းမှာရှိတဲ့ စားသောက်ဆိုင်တစ်ခုမှာ မိသားစုတွေ သူချစ်တဲ့သူငယ်ချင်းတွေနဲ့ စက်တင်ဘာ ၃၀ ရက်နေ့ ညနေပိုင်းက ကျင်းပခဲ့ပါတယ်။

“ ၆၀ ပြည့်နောက်ပိုင်းမှာ နှစ်တိုင်းလုပ်ဖြစ်တော့ ဒီနှစ်လည်းလုပ်ဖြစ်သွားတာပေါ့။ မနက်ကလည်း ထပြီးတော့ ဘုန်းကြီးတွေကို ဆွမ်းကပ် သင်္ကန်းကပ်ပြီးလှူခဲ့တာပေါ့လေ။ ဒီမှာကျတော့လည်း တစ်မျိုးပေါ့လေ” ဟု ကိုနေ၀င်းကပြောပါတယ်။

ဒါ့အပြင် ကွယ်လွန်ခဲ့ကြတဲ့ မဇ္စျိမလှိုင်းအဖွဲ့သားတွေဖြစ်တဲ့ ဦးရဲလွင်နဲ့ အဆိုတော်ခင်မောင်တိုးတို့ အတွက် လည်း ရည်ရွယ်ပြီး အလှူအတန်းတွေလုပ်ခဲ့သေးတယ်လို့လည်းသိရပါတယ်။

“ ကျန်းမာရေးကတော့ တတ်နိုင်သလောက်ကြိုးစားနေပါတယ်။ ကျန်းမာပါတယ်။ အားလုံးပျော်ရွင်ချမ်းမြေ့ ကြပါစေ လို့ဆုတောင်းလိုက်ပါတယ်။ ကျွန်တော့်ချစ်တဲ့ ပရိသတ်အားလုံးကိုပေါ့ “ ဟု ကိုနေ၀င်းကဆိုသည်။

အောက်တိုဘာလမှာ ၆၈ နှစ်ပြည့်ခဲ့ပြီဖြစ်တဲ့ ကိုနေ၀င်းဟာ အသည်းရောဂါကိုခံစားခဲ့ရပြီး ယခုတော့ပြန်လည် သက်သာနေပြီလို့သိရပါတယ်။

၁၉၈၄ ခုနှစ်မှာတော့ မဇ္ဈိမလှိုင်း အဖြစ် စတင်ဖွဲ့စည်းခဲ့ပြီးနောက် ပါဝင်ခဲ့ကြသူများကတော့ ခင်မောင်တိုး (အဆို) ၊ ဇော်မျိုးထွဋ် (လိဒ်ဂစ်တာ)၊ အဉ္ဇလီမောင်မောင်နဲ့ ကိုနေဝင်း (Classical ဂစ်တာ)၊ ဦးမျိုးခင် (ကီးဘုတ်)၊ ဦးတွတ်ကီ (ဒရမ်) တို့ပဲဖြစ်ပါတယ်။

မဇ္ဈိမလှိုင်း အမည်ပြောင်းလဲခြင်းနဲ့ အတူ မဟာဆန်သူ တေးစီးရီးကို ၁၉၈၄ ခုနှစ်မှာ ဖြန့်ချိခဲ့ပြီး အခုချိန်မှာတော့ ကိုနေ၀င်းနဲ့ ဒရမ်မာ တွတ်ကီသာ ကျန်ရှိနေပါတော့တယ်။